71

8.2K 1.6K 65
                                    

Unicode

“ဟော်ရူယန်ကို မဖြစ်သေးတဲ့ ကိစ္စတွေကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတ်ပစ်လိုက်တာလား..?”

ရွှယ်ယို့ရှန်းက ဆက်ပြီးခန့်မှန်းကြည့်လိုက်တယ်။ နည်းနည်းလောက် ထပ်ပြီး ခန့်မှန်းကြည့်လိုက်ရင် အမှန်တရားကို တီးခေါက်နိုင်လိမ့်မယ်လို့ သူယုံကြည်တယ်။ ဘာပဲပြောပြော ဟောရူယန်ဆိုတာ သူ့ဝတ္ထုထဲက အရေးပါတဲ့ အမျိုးသမီးဇာတ်ပို့တစ်ယောက်ပဲလေ။ ဒီလို အစောကြီး သေသွားခဲ့ရတဲ့အတွက် စာရေးဆရာဖြစ်တဲ့သူက အမှန်တရားကို သိရမှဖြစ်မယ်။

ပြီးတော့ အနာဂတ်မှာလည်း ဒီလိုနားမလည်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိလာနိုင်သေးတော့ ကိုယ့်စိတ်ကိုယ် ကြိုတင်ပြင်ဆင်ထားမှရမယ်။ အစတုန်းကတော့ သတိမထားမိခဲ့ပေမယ့် အခုတော့ စိတ်ပူလာခဲ့ရပြီ။ ဟော်ရူယန်ရဲ့ သေဆုံးမှုက ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်’ ဝတ္ထုကို ဇာတ်ကြောင်းပြောင်းသွားစေနိုင်လောက်လား..? အဲ့လိုသာဖြစ်ခဲ့ရင် စာရေးသူအနေနဲ့ သူသိထားသမျှ ဇာတ်ကြောင်းတွေက သုံးစားလို့မရတော့ဘူးဟ..!!!

“ဟုတ်တယ် ဒါပေမဲ့ မဟုတ်သေးဘူး..”

ရင်းဆုယဲ့က အခုထိ အလျော့မသေးတဲ့ ကောင်လေးကို ကြည့်ရင်း စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်တယ်။

“…………….”

ဒီလိုမသေချာမရေရာတဲ့ အဖြေမျိုးနဲ့ ရင်းဆုယဲ့က သူ့ကို နောက်ပြောင်နေတာလား..? ရင်းဆုယဲ့ရဲ့ ‘ဒီလိုလည်းမဟုတ်၊ ဟိုလိုလည်းမဟုတ်’ တဲ့အဖြေကြောင့် သူ့ရဲ့ IQ ကိုတောင် ပထမဆုံးအကြိမ်အနေနဲ့သံသယဝင်မိလာခဲ့ပြီ။

အမှန်တရားကို သိချင်နေတာဟ..!

လူတစ်ယောက်ရဲ့ သိချင်စိတ်ကို ဒီလိုမျိုးအဖြေတွေနဲ့ မကျီစားပါနဲ့လား..!!!

ရင်းဆုယဲ့.. ခင်ဗျားက လူကြီးလူကောင်းမဆန်လိုက်တာ..!!!

“အမှန်တရားကို ဒီအတိုင်း ပြောပြလိုက်လို့မရဘူးလား..?”

ရွှယ်ယို့ရှန်းက နှုတ်ခမ်းထော်ပြီး ခြေဆောင့်ပစ်လိုက်တယ်။ ထို့နောက် ရင်းဆုယဲ့အား မကျေမနပ် စိုက်ကြည့်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now