Episode♡28❗

7.3K 536 51
                                    

"ခမည်း​တော်နဲ့မယ်မယ် ထယ်ထယ်လာတယ် ပြီး​တော့ ကိုကို့ရဲ့ခမည်း​တော်နဲ့ မယ်​​တော်ကိုလဲဂါ၀ရပြုပါတယ် ထယ်ထယ်နဲ့ကိုကို​ရောက်ပါပြီ အကြာကြီး​နေမှ​ရောက်လာလို့ စိတ်မကွက်ကြပါနဲ့​နော်"

​တောင်မို့ပုံ ​မြေပုံ​လေး ၄ခု​ရှေ့ ရပ်ပြီးတမလွန်မှခမည်း​တော်​​​တွေ မယ်​​တော်​တွေကို နှုတ်ဆက်​နေသည့်ယောင်း​ပေါက်.......

"​ယောင်း ည​နေ​စောင်း​နေပြီ ပြန်ကြမယ်​လေ"

"ဟာ ကိုကိုကလဲ ခုမှ​ရောက်တာကို"

"​နေ၀င်ရင်​အေးလာ​​တော့မှာ ​​ယောင်းရဲ့"

"အဲ့တာဆို ကိုကိုကဖက်ထား​ပေး​လေ"

"ဟ့ဟ့ ဟုတ်ပါပြီ"

သူ့အ​ရှေ့မှာ အ​မွှေးတိုင်​လေး​တွေထွန်းပြီး ​မြေပုံ​တွေထဲ တစ်​ချောင်းဆီလိုက်စိုက်​နေသည့် ချစ်ရသူ​လေး။

"​ကျေးဇူးတင်ပါတယ် ခမည်း​တော်နဲ့မယ်​တော် ထယ့်က်ုအများကြီးချစ်​ပေးခဲ့ကြလို့"

"ကိုယ့်ကို​ကော ​ကျေးဇူးမတင်ဘူးလား"

နားနားကပ်ကာ တိုးတိုး​လေး​ပြောတဲ့ကိုကို​ကြောင့် သူကျက်သီး​မွှေး​လေး​တွေ​​တောင်ထမိသည်။

"အင်း တင်တယ် ကိုကို့ရဲ့ခမည်း​​တော်နဲ့မယ်​တော်ကို​လေ အရမ်း​လဲချော သန်လဲသန်မာပြီး ​ယောင်းကိုလဲအရမ်းချစ်ပြီးအရမ်းအလိုလိုက်တဲ့ကို့ကို့ကို​မွေး​ပေးလို့"

"အဲ့တာကကို့ခမည်း​တော်နဲ့မယ်​တော်​လေကွာ ဒီက​ယောင်းရဲ့​ယောကျ်ား​လောင်းကို ​ကျေးဇူးမတင်ဘူးလားလို့"

*ပြွတ်စ် ပြွတ်စ်*

ခါး​လေးကိုင်းပြီး သူ့မျက်နှာအစိတ်အပိုင်းကိုအနီးကပ်မြင်ရသည်ထိတိုးကပ်လာတဲ့ ကိုကို​ကြောင့် မျက်နှာ​လေးကို လက်​သွယ်သွယ်လေးဖြင့် အုပ်ကိုင်ကာ နှုတ်ခမ်း​လေးကို ထိရုံ​လေး နမ်းမိ​တော့ ပြုံးရယ်​နေတဲ့ကိုကို.....

"အင်း ကိုကို့ကိုလဲ​ကျေးဇူးအများကြီးတင်တယ် ​ယောင်းရဲ့ဗိုက်ထဲကို က​လေးပုစိ​လေးထည့်​ပေးလို့"

More  Than  Love::TK::{Completed}Where stories live. Discover now