31 (U)

4.8K 444 18
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၃၁ )
အိမ်တွင်းတိုက်ပွဲ

“ ကိုး.. အကို စာမေးပွဲအောင်တယ်..”

ဆယ်တန်းအောင်စာရင်းသွားကြည့်သော သော်တာနိုင်က အိမ်ထဲပြေးဝင်လာပြီး အော်ပြောတဲ့အခါ.. ဦးထွန်းမြိုင်က မိန့်မိန့်ကြီးပြုံးသွားသည်။ ဒေါ်ခင်အေးကလည်း တဟေးဟေးဖြင့် ထခုန်သည်။ သားအလိမ္မာလေးကတော့ဖြင့် မိဘနှစ်ပါးအား ကျော်ချသွားပြီး ကိုးဆီကိုသာ တည့်တည့်မတ်မတ်ကြီး ပြေးသွားကာ ပျော်ရွှင်ခြင်းများအား မျှဝေနေလေတော့သည်။

ကိုးက ဂုဏ်ယူဝံ့ကြွားစွာ လက်မနှစ်ဖက်ကို စုံထောင်ပြရင်း..

“ အကို အောင်မယ်ဆိုတာ ကျွန်တော် အစကတည်းက ယုံပြီးသား..”

ထိုစကားနှင့်အတူ နှစ်လိုဖွယ် ပြုံးပြနေသော ကိုးအား သော်တာနိုင်တယောက် ပြေးမဖက်မိအောင် မနည်းထိန်းလိုက်ရတယ်။ သူတို့နှစ်ယောက်သားကြားက ညီအကိုမဟုတ်တော့သော ဆက်ဆံရေးအား မိဘများမသိအောင် ဖုံးကွယ်ထားကြဖို့ သဘောတူထားကြပြီးသားမို့ အတတ်နိုင်ဆုံး ပုံမှန်အနေအထားဖြစ်အောင် အနေအထိုင်ဆင်ခြင်ကြရတာပေါ့။

“ တရပ်ကွက်လုံးကို ဒန်ပေါက်ချက်ကျွေးမယ်.. ငါ့သား ဆယ်တန်းအောင်တယ်ဟေး..”

ဒေါ်ခင်အေးဧ။် လက်သီးလက်မောင်းတန်း ကြုံးဝါးသံကြောင့် တအိမ်လုံး ရယ်သံတွေ ဆူညံသွားလေတော့သည်။

“ မောင်သော်တာတို့ကတော့ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်ပြီဗျာ..”

ဦးထွန်းမြိုင်က သော်တာနိုင့်ပုခုံးကို ခပ်ဆဆ ပုတ်ကာ ပြောလိုက်ပြီးနောက် ကိုးဘက်လှည့်ကာ..

“ မင်းရော ၉ တန်း မဖြေတော့ဘူးလား..”

“ တော်ပါပြီ အဖေမြိုင်ရာ..”

“ သော်တာ စာပြန်ပြပေးရင် အောင်ချင်အောင်မှာပေါ့.. မင်းကလည်း.. ယုံကြည်ချက်ထားစမ်းပါကွ..”

“ မဖြေတော့ပါဘူးဗျာ.. ကျွန်တော်က စာဘက်မှာ ပါရမီမပါတာ ကျွန်တော့်ကိုယ် ကျွန်တော်သိပြီးသားပါ.. စာတပုဒ်ကျက်ရမှာထက်စာရင် ကျွန်တော်က ချီကွေးပဲ လိုက်ဆင်းလိုက်မယ်..”

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now