အပိုင်း(၂၀)
"အာ့ "
Blackဆွဲလိုက်တာ အားပါတာကြောင့် သက်နာကျင်သွားရကာ ညည်းသံထွက်လာသည်။
"မင်းဘာလုပ်လိုက်တာလဲ "
"သက် ဘာမှမလုပ်ရသေးခင် လဲကျသွားတာ "
"ငါယုံမယ်လို့ထင်လား "
"ထင်ချင်သလိုထင်လိုက်လေ မယုံရင်ဘာလို့မေးနေသေးလဲ "
"မမလေးသာတစ်ခုခုဖြစ်ရင်မင်းကို ဒီတိုင်းမထားဘူး"
"အား..."
Blackက သက်ရဲ့လက်ကို စောင့်ဖြုတ်ချကာ သသကိုပွေ့ချီပြီးသွားခဲ့တာကြောင့် နီရဲနေတဲ့လက်ကို နောက်လက်တစ်ဖက်နဲ့ဆုပ်ကိုင်ကာထိုင်ခုံပေါ်ထိုင်ချလိုက်သည်။
ကျတော့မဲ့မျက်ရည်တွေကို မကျအောင် မျက်တောင်ကို ခဏခဏပုတ်ခတ်ရင်း ငိုချင်စိတ်ကို သိမ်းဆည်းထားမိသည်။
ဒါမျိုး ထပ်ခံစားရမယ်ဆို စိတ်ပျော့တဲ့အကျင့်ကို ဖျောက်ပေးပြီး ကြံခိုင်တဲ့စိတ်ဓာတ်ကို ပေးသနားပါ!
မျက်လုံးအစုံကိုတော့ ဆေးရုံဝတ်စုံနဲ့လူတွေဆီမှာ ပို့ထားမိသည်။ သူတို့လေးတွေကိုကြည့်ရင်း ငိုချင်စိတ်ကို ဖျောက်ပစ်ခြင်းပါ။
Blackသည်လည်း သသကို ဆရာဝန်ဆီပို့ခဲ့ကာ အကျိုးအကြောင်းနားမထောင်ဘဲ ခဏကနေရာပြန်လာတော့ သက်က ထိုနေရာမှာသာ ထိုင်နေပြီး လူတွေကိုငေးကြည့်နေသည်။
"လာခဲ့ မင်း..."
သက်ရဲ့ခဏက ဖိကိုင်ထားတဲ့လက်ကိုသာပြန်ဆွဲပြီး ခေါ်သွားတာကြောင့် အရမ်းနာကျင်သွားရကာ Blackရဲ့ခြေလှမ်းတွေနဲ့အတူ အမှီလိုက်ခဲ့ရသည်။
"ဂျိမ်း "
တံခါးကိုစောင့်ပိတ်ကာ သက်ရဲ့ကိုယ်လုံးကို နံရံဆီကပ်လိုက်သည်။ ကိုင်ထားတဲ့လက်ကိုပါ နံရံဆီကပ်ထားသေးသည်။
Blackခေါ်လာတဲ့နေရာက ဆေးရုံရဲ့ရိုးရိုးလှေကားဆီဖြစ်သည်။ ရိုးရိုးလှေကားကို သိပ်သုံးလေ့မရှိကြတာကြောင့် ဒီနေရာကို ခေါ်လာခြင်းပင်။
"ငါပြောထားတယ်မလား သခင်လေးတို့ကိုထိရင် ငါနဲ့အရင် ရင်ဆိုင်ရမယ်လို့ "
YOU ARE READING
ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန္းခြင့္ရခ်င္တယ္...[Completed]
Romanceစည်းချက်ညီညာ + အိမ်မက်သခင် စည်းက မိသားစုအတွက် လက်စားချေဖို့ သသကိုအနားမှာ ခေါ်ထားခဲ့ရာမှ ချစ်မိသွားတဲ့ ဝတ္ထုလေးပါ။ စည်းချက်ညီညာက မိသားစုအတွက် ချစ်ရသူကို စွန့်လွှတ်မှာလား?... မဟုတ်ရင် ချစ်ရသူအတွက် လက်စားချေတာကို စွန့်လွှတ်မှာလား?... စည္းခ်က္ညီညာ + အိမ...