၈၁

13.1K 1.8K 27
                                    

Unicode

ခရီးသွားယာဉ်ထက်မှ မမျှော်လင့်ထားသော
အန္တရာယ်

ရေခဲပြာရောင် ကားလေးသည်ကား ကားဂိုဒေါင်ထဲတွင် ရှိနေဆဲဖြစ်၏။ ကျိန်းသေပေါက် ချန်းကျင်းသည်လည်း ၎င်းကားလေးကို နောက်တစ်ကြိမ်ထပ်၍ အသုံးပြုတော့မည် မဟုတ်ပါချေ။ အမှန်အတိုင်းဆိုရလျှင် သူသည် ခင်ပွန်းဖြစ်သူ၏ခွင့်ပြုချက် မရဘဲ ၎င်းကို အသုံးပြုခဲ့မိသည်နှင့် ပတ်သက်၍ ယခုထိ လုထောင်ကို သေချာ မတောင်းပန်ရသေးပါ။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူကလည်း ၎င်းအကြောင်းအား မေ့နေဟန်တူသောကြောင့် ချန်းကျင်းသည် ကိစ္စတိုင်းကို အရေးတယူ ပြောပြမနေတော့ပါဘဲ ဖာသိဖာသာ နေလိုက်မိလေတော့သည်။

သို့နှင့် ချန်းကျင်းသည် ယခင်ကအတိုင်း မြို့ပတ်လမ်း ဘတ်စ်ကားကိုသာ လိုက်ပါစီးနင်း၍ ဘူတာရုံထံသို့ တိုက်ရိုက်သွားခဲ့ပေ၏။ ယခုအချိန်လောက်ဆိုလျှင် ဘူတာရုံထဲတွင် အစ်ကိုဖြစ်သူနှင့် အဖေဖြစ်သူတို့နှစ်ဦးစလုံး ရောက်နှင့်နေလောက်ပြီပင်။

မြို့ပတ်လမ်းတစ်လျှောက်၌ လူသူကင်းရှင်းနေသောကြောင့် တိတ်ဆိတ်နေခဲ့သည့်တိုင် ကား၏အတွင်းဘက်မှ screen ထက်တွင်မူ မနက်ခင်းသတင်းများကို တင်ဆက်ပေးနေသဖြင့် အနည်းငယ် ဆူညံနေခဲ့ပေ၏။ ချန်းကျင်းသည် ယခုအချိန်၌ မည်သည့်သတင်းကိုမျှ ကြည့်ချင်စိတ်လည်း ရှိမနေခဲ့ပါချေ။ သို့သော် သူကမကြည့်လျှင်တောင် တစ်ဖက်သတင်းထံမှ အင်ဒီရာ ဟူသော နာမည်ကိုမူ ခဏခဏ ကြားနေခဲ့ရလေသည်။

ဘတ်စ်ကားက လျင်မြန်စွာ မောင်းနှင်နေသောကြောင့် အချိန်ခဏအတွင်းပင် ဘူတာရုံဆီသို့ ဆိုက်ရောက်လာပေ၏။ ချန်းကျင်းသည် ခရီးဆောင်အိတ်ကို ဆွဲလျက် အပြင်သို့ထွက်လာသောအခါ ဘူတာရုံအဝ၌ အဖေနှင့်အစ်ကိုဖြစ်သူတို့က သူ့ကို စောင့်ဆိုင်းနေကြောင်း အဆင်သင့် တွေ့လိုက်ရပေတော့သည်။

ချန်းကျန်းနှင့် ချန်းရွှီနှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်းပင် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းဖွဖွ ချလိုက်မိကြ၏။ ထို့နောက် ချန်းရွှီက ညီဖြစ်သူ၏ခေါင်းကို ခပ်ဖွဖွ ထိတွေ့လိုက်ရင်း ညင်သာစွာ အမေးဆိုသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now