60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE

5.3K 788 114
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE

ရှန်းရှောင်ရှဲ၏ ကန်ချက်က ကောင်းကင်ဘုံမှ သက်ဆင်းလာပုံရဟန်တူသည် ။ နောက်ဆက်တွဲအဖြစ် ထိုလူမှာ အံ့သြလျက် စကားပင်မပြောနိုင်တော့ ။

"ချီးပဲ ၊ မင်းက ဘာကောင်လဲကွ!?"

လုဖုန်း ထိုလူကို မမြင်နိုင်တော့သည့်တိုင် ထိုလူ၏ဒေါသတကြီးဖြင့် မေးခွန်းထုတ်နေခြင်းကိုတော့ ကြားနိုင်ပါသေး၏ ။

ရှန်းရှောင်ရှဲက ထိုလူဆီ လွှားခနဲရောက်မသွားမီ သရော်ပြုံး​ပြုံးလျက် အော်ဟစ်ကာ ပြန်ဖြေတော့သည် ။

"မင်း ဘိုးအေလေ!"

[T/N - မင်းအမေ ! လို့ပြောတာနဲ့လည်း ဆင်ပါတယ်တဲ့]

ရှန်းရှောင်ရှဲတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရချိန်ဝယ်၊ လုဖုန်းကား ရှန်းရှောင်ရှဲသွားခဲ့သည့်လမ်းအတိုင်း ပန်းခင်းနှင့် ချုံပုတ်များကို ကျော်ခွသွားဖို့ရန် ပြင်တော့သည် ။ ထို့နောက်တွင်မှ ရှန်းရှောင်ရှဲလုပ်ခဲ့သည့်အတိုင်း ချုံပုတ်များကိုကျော်စရာမလိုကြောင်း ရုတ်တရက် ပြန်သတိရလိုက်ပြီး ပန်းခင်းကိုကျော်ခွမည့်အစား ပန်းခင်းဘေးမှ ပတ်သွားရတော့၏ ။

ဝေ့ရှဲကား အလွန်တရာ အရက်မူးနေသည်ဖြစ်ရာ ၊ သူ၏အဆက်ဟောင်းကဲ့သို့ပင် ဖြစ်ပျက်သွားသည့်အရာများအပေါ်  အံ့အားသင့်စွာကြည့်ရှုနေလျက် ။ သူ့ရှေ့ရှိ ကြမ်းပြင်ပေါ်တွင် သူတပြန်ကိုယ်တပြန်နပန်းလုံးနေကြသူနှစ်ယောက်ကို ကြက်သေသေလျက်ကြည့်ကာ ၊ လက်ရှိဖြစ်ပျက်နေသောအရာများအပေါ်  လုံးဝနားမလည်နိုင်ဖြစ်နေတော့သည် ။

"အဲ့မှာ ဘာရပ်လုပ်နေတာလဲ ? သူတို့နှစ်ယောက်ကို လူခွဲလိုက်လေ!"

လုဖုန်း ဝေ့ရှဲကို လှမ်းအော်လိုက်ရင်းပင် ရှေ့သို့အမြန်သွားကာ ဝေ့ရှဲ၏အဆက်ဟောင်းဆိုသူကို သွားထိန်းရတော့သည် ။

လုဖုန်းထိန်းချုပ်နေရသောထိုလူကား လုဖုန်းနှင့် အရပ်အမြင့် တူလုနီးပါးဖြစ်နေသည့်အပြင် ၊ လက်ရှိအချိန်၌လည်း ဒေါသထွက်နေသည်ဖြစ်ရာ လုဖုန်းတစ်ယောက် ထိုလူကိုထိန်းချုပ်ရန် ခက်ခဲလှ၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now