Ep-24(Uni/Zg)

76.5K 5.6K 659
                                    

' မေကြီး သားသားမုန့်စားချင်တယ် '

' သားဖေကြီးကိုစောင့်လိိုက်ပါအုံး ဒီနေ့ဖေကြီးလစာထုတ်မှာလေ အဲ့တာသားအတွက် အပြန်မုန့်၀ယ်လာလိမ့်မယ်နော် '

' ဟုတ် '

' ဖေကြီးကနည်းနည်းနောက်ကျမှာဆိုတော့ သားလေးအိပ်နှင့်နော် ဖေကြီးလာရင် သားကိုလာနှိုးပေးမယ် '

' သားသားကို တင်ပါးပုတ်သိပ်အုံးလေ သားတယောက်ထဲမအိပ်ရဲဘူး '

' မေ့ချစ်ဆုံးလေးကို တင်ပါးလေးပုတ်သိပ်ပေးမှာပေါ့ သားလေးကအိပ်ရင်းနဲ့ ဖေကြီးကိုစောင့်နေနော် '

' ဟုတ်မေကြီး'

ရင်ခွင်ထဲက 7နှစ်သား ကလေးငယ်ကိုအိပ်ပျော်အောင် ချော့သိပ်နေပေမဲ့ ထိုအမျိုးသမီးရင်ထဲမှာတော့ ပူပန်မှုအပြည့်နဲ့ပင်...တစ်ခါမှအိမ်ပြန်နောက်မကျဖူးတဲ့ အမျိုးသားက ဒီနေ့မှ နောက်ကျနေတာကြောင့် စိတ်ထဲတွင်တော့လေးလံနေမိသည်။

တဖက်တွင်လည်း ဒီနေ့မှလမ်းမှာ စီးနေကျစက်ဘီးလေးက ဘီးပေါက်သွားတာကြောင့် လမ်းခရီးကြန့်ကြာသွားရပြန်သည်။လစာလေးထုတ်လာပေမဲ့ အိမ်လခနဲ့အကြွေးဆပ်စရာလေးတွေဖယ်ပီး ပိုတဲ့ပိုက်ဆံအနည်းငယ်လေးမှ သားငယ်ကြိုက်တဲ့ cheese cakeလေးကိုကိုင်ဆွဲလျှက် အိမ်အမြန်ပြန်ရောက်ရန်သာ စက်ဘီးအစုတ်လေးကို ကြိုးစား၍နင်းလာသည်...

လူချမ်းသာရပ်ကွက်ထဲနေတာမဟုတ်တာကြောင့် အကွေ့အကောက်များကာ လမ်းကျဥ်းလေးများစွာက စီးကြိုနေသည်...တကျွီကျွီမြည်နေတဲ့ စက်ဘီးလေးကို အားထည့်နင်းကာ လိုရာခရီးရောက်ဖို့သာကြိုးစားနေရသည်...စိတ်ထဲတွင်လဲ အိမ်မှာသူ့ကိုမျှော်နေလောက်မဲ့ သားငယ်နဲ့မိန်းမမျက်မှာကို မြင်ယောင်ကာ ကြည်နူးနေမိသည်

' အား!!'

မှောင်နေတဲ့ တဖက်လမ်းကြားလေးထဲက လူတယောက်ရဲ့စူးစူး၀ါး၀ါးအော်သံကိုကြားလိုက်ရတာကြောင့် လမ်းဘေးမှာစက်ဘီးလေးကိုခဏရပ်ကာ အသံလာရာနေရာကို သွားရောက်စူးစမ်းလိုက်သည်...မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဦးတာနေဆန်းတယောက် သွေးပျက်သွားတဲ့ပုံပင်...သွေးအိုင်ထဲလဲကျနေတဲ့သူကို အပေါ်စီးမှခါးထောက်ကာကြည့်နေတဲ့သူနှစ်ယောက်က တကယ်ကြောက်စရာကောင်းလှသည်...တုန်ယင်ပြီးလဲကျချင်နေတဲ့ ခြေထောက်တွေကို အရင်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုနေရာမှအမြန်ထွက်ခွာခဲ့လိုက်သည် သူရှိနေမှန်းသိသွားရင် အန္တရာယ်ရှိသွားနိုင်တယ်မှတ်လား...တကျွီကျွီမြည်နေတဲ့ စက်ဘီးလေးကိုအားကုန်ထည့်နင်းကာ အိမ်အမြန်ပြန်ရောက်ဖို့သာကြိုးစားခဲ့သည်

HANARY(S1+S2) Where stories live. Discover now