Part(21)

3.2K 96 2
                                    

         အပိုင်း(၂၁)

"ကိုပိုင် အခု အိမ်ပြန်လိုက်ပို့ရမလား "

"ရတယ် ခင်ဗျားတို့(၂)ယောက်ပဲ အရင်ပြန်နှင့်ကြပါ"

ဦးသခင်ပိုင်က အရင်ထွက်သွားပြီး အနက်ရောင်ကားအကောင်းစားတစ်စီးပေါ်တက်သွားသည်။

ဦးကောင်းသက်ကတော့ ဦးသခင်ပိုင်ထွက်သွားမှ  ရာသက်ပန်ကို စိတ်ပျက်သလိုကြည့်ကာ ကားပေါ်တက်သည်။

သက်လည်း ဘာမှမပြောဘဲ ကားထဲဝင်ထိုင်လိုက်သည်။

"ဒါကို ရှင်းပြစမ်း...သက် "

သက်ဆီပစ်ပေးလာတဲ့ စာအိတ်ကို ဖွင့်ကြည့်တော့ သက်နဲ့ဦးBlackနမ်းနေတဲ့ပုံတွေဖြစ်သည်။

"အဖေ နောက်ယောင်ခံလွှတ်ထားတာလား "

"မင်းတို့ဖြစ်နေကြတာ ငါ့ဆေးရုံမှာ ဆိုတာ မေ့နေတာလား အဟင်း "

"အဖေနားမလည်ပါဘူး "

"ဘာ! "

"ဦးစည်းကို အပိုင်ရဖို့ဆိုရင် လူယုံဖြစ်တဲ့Blackကို အရင်ရှင်းထုတ်ရမှာ အဖေ အဲ့ဒီလူက သက်ကို ဦးစည်းနားပေးမကပ်ဘူးလေ ခဏက အဖေလည်း မြင်တယ်မလား အဲ့တာကြောင့် Black သက်ဆီကျရှုံးပြီး နှစ်မြောသွားမှ ဦးစည်းနားကပ်ဖို့က လွယ်သွားမှာ "

သက်ရဲ့စကားကြောင့် ဦးကောင်းသက်က သံသယများစွာ ကြည့်သည်။ သက်သည်လည်း ခံစားချက်မှန်သမျှကို ဖုံးကွယ်ကာ ဦးကောင်းသက်ကို ပြန်ကြည့်သည်။ ပြီးမှခေါင်းကိုအသာငြိမ့်ကာ...

"မင်းပြောတာလဲ ဟုတ်သားပဲ ဒါပေမဲ့ ဒီလောက်ထိတော့ ပီပြင်အောင်လုပ်စရာမလိုဘူး "

"ဟုတ်ကဲ့ပါအဖေ စိတ်မပူပါနဲ့"

သက်အတွက် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အဖေ။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ဒီကိုဘာလာလုပ်တာလဲ "

"လာလို့မရဘူးလား "

"ရပါတယ်ဗျာ ရုတ်တရက်ကြီးရောက်လာလို့ပါ"

"ဦး သသစိတ်တိုနေတာ သိလား အဲ့မိန်းမရဲ့အကြည့်က သသကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်တာ စိတ်တိုဖို့ကောင်းလိုက်တာ "

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now