"ဟူး..မင်းတို့ရှင်းလိုက်တော့"ပုံပျက်နေသောအဝတ်အစားကိုပြန်ပြင်ရင်း မျက်နှာမှာပေနေတဲ့သွေးတွေကိုအသာသုတ်လိုက်သည် ။လက်ယာရှေ့မှာသူကြည့်ကောင်းနေမှဖြစ်မည်။ ကားပါကင်ရောက်တော့ကားပေါ်ကနေသူပေးတဲ့ရေဘူးကိုလှုပ်ပြနေသောကောင်လေး ၊ပြောချင်သည့်သဘောကသူရေကုန်သွားပြီပေါ့ ။
"ဘာလာလုပ်တာလဲ"
"မောင့်ကိုလွမ်းလို့"
ရုပ်တည်ကြီးနှင့်ပြောပြိး မျက်စိတွေမှိတ်တဲ့ထိသူ့ကို
ရယ်ပြနေတဲ့အရှေ့ကလူကြောင့် ဆွဲဆောင့်ချင်စိတ်ကိုထိန်းထားသည် ။ကိုယ့်မှာသူ့ကိုအသည်းယားလွန်းလို့မထိမိအောင် မျက်နှာသာလွဲမိသည်။"ပြန်တော့ ကိုယ့်ကိုယ်ကိုယ်လူလွတ်ထင်နေလား"
"လူမလွတ်လို့လာခေါ်တာပေါ့ ဗိုက်ထဲကသားလေးကသူ့ဖေကြီးကိုလွမ်းတယ်ဆိုလို့"
"သားလေး အခုမှသုံးလတောင်မပြည့်သေးဘူး
ဘာကိုသားလေးလဲ""မောင်ကသားမလိုချင်ဘူးလား"
ကလေးကဖြင့်ဘာလေးလဲမသိဘဲ သူလိုချင်တာတွေဇွတ်ပြောနေတဲ့ကောင်လေးက သူ့ကိုမျက်နှာငယ်လေးနဲ့မေးလာသည်မို့ သူရယ်ချင်စိတ်ထိန်းပြီးသာဖြေမိသည် ။
"မလိုချင်ဘူး သမီးပဲလိုချင်တာ သားလေးမွေးရင်ငါ့သားမဟုတ်ဘူး"
"အင်း ပြီးရော ဒါဆိုငါအဖေရှာရမှာပေါ့"
"မင်း..ဟင်း..Aသူ့ကိုအိမ်ပြန်ပို့လိုက် ပြီးတော့ညဘက်ဒီလိုအပြင်ထွက်မလာနဲ့ အထူးသဖြင့်Barတွေ
ငါရှိနေတဲ့နေရာတွေ"ကိုယ်ကစတာကိုသူကတကယ်လုပ်မယ့်ပုံနဲ့ပြောနေတာ ၊ရှာကြည့်လိုက်လေ ။သူရောအဲ့ကလေးပါဂျပန်ကိုခေါ်ပြီးဖမ်းထားမှာ ၊အထူးသဖြင့်ကိုယ့်သွေးသား
ကိုအခြားသူလက်ထဲမထည့်နိုင်ပါ ။"ရတယ် ငါ့ဘာသာပြန်မယ် ဝင်စရာရှိလို့"
ပြောရင်းဆိုရင်းကားပေါ်ကဆင်းပြီး Taxiထွက်ငှါးနေသူကိုအော်လည်းမအော်ရက် ။
"ဘယ်သွားမလို့လဲ"
"ဂေးဘား"
"တောက်စ်...ဘုန်း!"
YOU ARE READING
မောင့်လက်ယာ(မောင့်လက်ယာ){completed}
Randomstory description>>>>> start-5/10/2021 end-1/1/2022