Chapter - 7 (Part 4)

781 151 1
                                    

Unicode

အစ်ကို(၅)က အရမ်းချောမောပြေပြစ်ပြီး အဲ့တာကို ဖော်ပြဖို့​တော့ ခက်တယ်။

ဒါပေမယ့် ငါတို့ အစ်ကို(၅)ကို မတွေ့ခဲ့ရဘူး။

အစ်ကို(၅)က ဖုန်းဆက်ပြီး ပြန်မလာတော့ဘူးလို့ ပြော​တယ်​လေ။

သခင်ကြီး​ကျောင်းစီက​တော့ အဲ့တာကို ကျင့်သားရနေပုံရပြီး ဒေါသမထွက်ဘဲ "သူ အပြင်မှာ သေဆုံးသွားတာ ဒါမှမဟုတ် တစ်ခုခုဖြစ်တာ ဖြစ်နိုင်တယ်" လို့သာ ပြောခဲ့တယ်။

ဘယ်သူကမှ စကားမပြော​တော့ဘဲ ငါတို့အားလုံး စားဖို့ကိုပဲ အာရုံစိုက်နေကြတယ်။

​ကျောင်းကုန်းဇီက အငယ်ဆုံးကလေးဖြစ်ပြီး များသောအားဖြင့် သခင်ကြီး​ကျောင်းစီထံမှ အချစ်​တွေကို အများဆုံးရလေ့ရှိသော်လည်း သခင်ကြီး​ကျောင်းစီက အစ်ကို(၅)ကို အချစ်ဆုံးဆိုတာ လူတိုင်းသိတယ်။ ဘာလို့လဲဆို​တော့ အစ်ကို(၅)က သခင်ကြီး​ကျောင်းစီရဲ့ ပထမဇနီးက​မွေးတဲ့ တစ်ဦးတည်းသောသားဖြစ်​နေတာ​ကြောင့်ပဲ။ ​​နောက်ဆုံး​တော့ ငယ်ငယ်က အချစ်ကြောင့် ခံစားချက်တွေ နည်းနည်းကွဲလွဲခဲ့ပြီး ပထမ,မဒမ်ဟာ ​သခင်ကြီး​ကျောင်းစီကို ကာကွယ်ဖို့အတွက် ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့အချက်ကို​တော့ ​မ​ဖော်ပြ​လိုတော့ဘူး။ သခင်ကြီး​ကျောင်းစီက ငယ်ရွယ်တဲ့ အစ်ကို(၅)ပေါ်မှာ အမှတ်အသားပြုထားတာကြောင့် နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်​ပေးဖို့အတွက် ​ကျောင်းကုန်းဇီကိုမွေးဖွား​ပေးထားတဲ့ ဆယ့်သုံးယောက်မြောက်မဒမ်နှင့်အတူ အစ်ကို(၅)ကို ထားရှိခဲ့တယ်။ အဲ့ဒါ​ကြောင့် ​ကျောင်းကုန်းဇီက အစ်ကို(၅)ကို သူ မုန်းတီးသော ညီအစ်ကို​မောင်နှမများစာရင်းရဲ့ထိပ်ဆုံးမှာ နေရာရစေခဲ့တယ်။

(သက်ပြင်းချလိုက်သံ)

တစ်နည်းအားဖြင့် အစ်ကို(၅)က ​တော်​တော်​လေးကိုလည်း ဒဏ္ဍာရီဆန်တယ်။

ထမင်းစားပြီးတဲ့နောက် ​ကျောင်းကုန်းဇီက သူ့အဖေ​နဲ့အတူ ဧည့်ခန်းထဲကို လိုက်သွားပြီး စစ်တုရင်ကစားတယ်။ သူက အလွန်နာခံလိုက်နာမှုရှိပြီး သခင်ကြီး​ကျောင်းစီကို ပိုပြီးပျော်ရွှင်စေတယ်။ သခင်ကြီး​ကျောင်းစီပျော်ရွှင်နေသရွေ့ ​ကျောင်းကုန်းဇီလည်း ပျော်ရွှင်နေမှာပါ။ အရှုပ်အ​ထွေး​တွေဖြစ်​စေမယ့်အစား နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်ရှိ​နေမယ်ဆိုရင် အားလုံးကလည်း ပျော်ရွှင်ကြလိမ့်မယ်​လေ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now