My Master-9 (Z+U)

935 71 17
                                    

(Unicode)

Jonginပြောခဲ့တဲ့စကားတွေကြောင့် ကျနော် ညေနစာအတွက်ဟင်းချက်နေရင်း သက်ပြင်းချမိသည်။

ဟင်း ~~~

"Baekhyun တခုခုဖြစ်လို့လား သက်ပြင်းတွေချနေတယ်"

ကျနော့်ကိုဟင်းချက်ကူနေတဲ့ Luhanကမေးလာသည်။ Luhanကအမြဲတမ်း ကျနော်ရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက် ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်ဖြစ်တာကြောင့်

"ဟင်းချက်ပြီးရင် ငါမင်းကိုရင်ဖွင့်မယ်"

"ဟုတ်ပြီလေ "

ဟင်းချက်ပြီးသွားတော့ ကျနော်တို့ရဲ့အိမ်လေးဆီပြန်လာကာ မီးဖိုခန်းထဲကခုံတလုံးစီမှာဝင်ထိုင်လိုက်ကြသည်။

"ပြောပါဦး"

"သခင်လေးကငါ့ကိုပြန်ချစ်နိုင်ပါ့မလား သခင်ကြီးဆုံးခဲ့ရတာက ငါ့ကြောင့်ဆိုတော့ငါ့ကိုခွင့်မလွှတ်နိုင်ဘူးထင်တယ်"

Luhanကခပ်နွမ်းနွမ်းပြုံးပြလာကာ

"အခုထိမင်းအပြစ်လို့ခံစားနေရတုန်းပဲလား မင်းအပြစ်မှမဟုတ်တာပဲ Baekhyunရာ ရန်ငြိုးရှိတဲ့ဂိုဏ်းကသခင်ကြီးကိုလုပ်ကြံသွားတာလေ"

"ဒါပေမယ့်...."
ကျနော်ခေါင်းငုံ့ကာပြောမိတော့

Luhanကကျနော်လက်ကို နွေးထွေးစွာဆုပ်ကိုင်ပေးလာကာ

"နားထောင် Baekhyun မင်းသခင်လေးကိုချစ်လာတာနှစ်ချီနေပြီ ဒါကိုသူလည်းသိမှာပဲ မင်းကိုချစ်လာမှာပါ "

Luhanပြောသည့်စကားကြောင့် ကျနော်သခင်လေးကိုချစ်ခဲ့တာနှစ်တွေအဲ့လောက်တောင်ကြာခဲ့ပြီဖြစ်မှန်းသတိရသွားသည်။
သခင်လေးအပေါ်ထားတဲ့ကျနော့်ရဲ့အချစ်က စစ်မှန်တဲ့ချစ်ခြင်းဖြစ်တာကြောင့် ကျနော်လည်းပြန်ချစ်ခံရဖို့တော့အခွင့်အရေးရှိလာမှာပါနော်။

"သခင်လေးပြန်ချစ်လာပါစေလို့ ငါလည်းမျှော်လင့်ပါတယ်"

"သခင်လေးကမင်းကိုပြန်ချစ်လာမှာပါ"

Luhanကိုရင်ဖွင့်လိုက်တော့ ကျနော့်ရင်ထဲလေးလံနေတာတွေ တော်တော်ကြီးပေါ့ပါးသွားသည်။

ညနေဘက် အလုပ်ကပြန်လာမည့်သခင်လေးတို့ကို အိမ်ပေါက်ဝကနေအဆင်သင့်စောင့်ကြိုနေလိုက်သည်။

My Master (Completed) (Z+U)Where stories live. Discover now