Extra - 3

9.3K 581 44
                                    

Jingle bells, jingle bells, jingle all the way. Oh what fun it is to ride in a one-horse open sleigh, hey! Jingle bells, jingle bells, jingle all the way. Oh what fun it is to ride in a one-horse open sleigh!

ခရစ်စမတ်နေ့

တချို့အိမ်တွေကတော့ သူတို့ကိုးကွယ်ရာဘာသာရေးအရ ခရစ်စမတ်သီချင်းတွေဆိုကြ ၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြနဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့ည ။

မင်းထင်တို့စံအိမ်ကြီးထဲမှာတော့ တစ်ခြံလုံးကို မီးအဖြူရောင်တွေနဲ့အလှဆင်ထားပြီး စားပွဲဝိုင်းတွေက နေရာယူထားသည် ။ ခြံတံခါးဝင်ပေါက်ရဲ့ ဘေးတစ်ဖက်တစ်ချပ်စီမှာနေရာယူထားတဲ့ Petunia ပင်တွေက လေအဝေ့မှာ ယိမ်းလျက် ။

ခြံတံခါးပေါက်ကနေ ခြံရဲ့အလယ်နားလောက်အထိ ‌ခင်းထားတဲ့ ကတ္တီပါအမဲရောင်ပိုးမွှေးကောဇောက မီးရောင်အောက်မှာ ပြောင်လက်နေသည် ။

တူညီဝတ်စုံ ဝတ်ထားတဲ့ ဝန်ထမ်းလေးတွေက ဟိုဟိုဒီဒီ‌သွားလာပြင်ဆင်နေသည် ။ အပေါ်ထပ်ပြတင်းပေါက်ကနေကြည့်ပြီး နှုတ်ခမ်းတွေကွေးအောင်ပြုံးနေပြီး စိတ်ကူးယဉ်နေချိန် ခါးကို ဆွဲဖက်ခံလိုက်ရတဲ့ အထိအတွေ့တစ်ခု

" မောင် "

" ကိုကိုး ပြင်ဆင်ပြီးပြီလား "

" အင်း ပြင်ပြီးပြီ ကိုယ့် ခင်ပွန်းလောင်းလေးကရော ဘာတွေတွေးနေတာပါလိမ့် "

" ဟင့်အင်း မတွေးပါဘူး "

ဘေးတစ်စောင်းအနေအထားနဲ့ပဲ ကျနော့်လည်ပင်းသားကို ထိတွေ့လာတဲ့ အနမ်းတစ်ခု ။ တပြိုင်နက်တည်းမှာပဲ ပိုပြီးတင်းကြပ်လာတဲ့ ဖက်တွယ်မှု ။

" ကိုယ်မယုံနိုင်သေးဘူး ဂျစ်တူး "

" ဘာကိုလဲ ကိုကိုး "

" ဂျစ်တူး က စပြီး လက်ထပ်ဖို့ပြောခဲ့တာကိုပေါ့ "

" ကျနော်တို့က တစ်ဘဝလုံးစာအတူရှိကြမယ့်သူတွေပဲလေ ချစ်သူရည်းစားဆိုတဲ့ဂုဏ်ပုဒ်က မတည်မြဲဘူး အဲ့တာကြောင့် အိမ်ထောင်သည်ဆိုတဲ့ ခေါင်းစဉ်ကို လိုချင်တယ် "

" ဂျစ်တူး ဘာပဲလိုချင်လိုချင် ကိုယ်ဖြည့်ဆည်းပေးမှာပါ "

" အင်း သိပါတယ် "

အထွန်း / အထြန္း ( Completed )Where stories live. Discover now