Must Read❗❗❗

4.4K 159 28
                                        

ရှင်းလင်းချက်

ဒီဇာတ်လမ်းထဲက အရန်ဇာတ်ကောင်တွေရဲ့အကြောင်းကို အကြမ်းဖျင်းပြောပြပေးသွားပါ့မယ်။

ဦးစိုင်းဝဏ္ဏ

ဒီပြဿနာတွေကို အစပြုစေခဲ့သူလို့ ပြောလို့ ရပါတယ်။ မိန်းမပွေရှုပ်ပြီး စီးပွားရေးကိုသာ ဦးစားပေးတဲ့သူ၊ လင့်ဝတ္တရားကို မကျေပွန်ခဲ့သူ။

ခင်သန္တာဆိုတဲ့ ပျော်တော်ဆက်အမျိုးသမီးနဲ့ ဇာတ်လမ်းရှုပ်မိရာကနေ ကိုယ်ဝန်ရလာချိန်မှာ သွေးသားမို့ အိမ်ပေါ် ခေါ်ထားရုံကလွဲပြီး ကြင်နာမှုမပေးနိုင်ဘဲ ဖခင်ဝတ္တရားကိုလည်း မကျေပွန်ခဲ့တဲ့သူပေါ့။

ဒေါ်ခင်သန္တာ

ပျော်တော်ဆက်မိန်းမရဲ့သားဆိုတဲ့ အမည်ခံထက် သူဋ္ဌေးအိမ်မှာ အစေအပါးလိုမျိုး နေရတဲ့ဘဝကမှ ပိုကောင်းဦးမယ်လို့ ထင်မှတ်ပြီး သားဖြစ်သူကို စွန့်လွှတ်ခဲ့တဲ့သူ။ ကောင်းစေချင်တဲ့ဆန္ဒကြောင့် စွန့်လွှတ်ခဲ့ပေမဲ့ သားဖြစ်သူရဲ့ခံစားချက်ကို သူ(မ)က ထည့်မတွက်ခဲ့ပုံပါပဲ။

သားဖြစ်သူက ဂုဏ်ဒြပ်တွေထက် မေတ္တာကို ပိုလိုအပ်နေမှန်းကိုလည်း သူ(မ) မသိခဲ့ဘူး။

ဒေါ်နန်းခမ်းမူ

သူက ဒီဇာတ်လမ်းအတွက် အဓိကVillainလို့ ပြောရမှာပါ။ အားလုံးရဲ့အမုန်းကို ခံယူထားရတဲ့သူဆိုတော့ သူ့ဘက်ကနေလည်း တစ်ခါလောက် ဝင်ခံစားကြည့်ကြရအောင်။

မယားဝတ္တရားကို ‌ကျေပွန်ခဲ့ပေမဲ့ သစ္စာမရှိတဲ့ လင်ယောက်ျားကြောင့် သောကဝေခဲ့ရတဲ့သူ၊ ပိုဆိုးတာက ပျော်တော်ဆက်မိန်းမနဲ့ ရတဲ့သားကို အိမ်ပေါ် ခေါ်တင်လာတော့ နဂိုအခံအမုန်းတရားက နေ့စဉ်နေ့တိုင်း တိုးပွားခဲ့ရတာပေါ့။

အတိအကျပြောရရင် ဦးစိုင်းဝဏ္ဏရဲ့ကြွယ်ဝမှုတွေက သူ(မ)ရဲ့ဘိုးဘေးစဉ်ဆက်အမွေကနေ ဆင်းသက်လာခဲ့တာပဲလေ။ ဒါပေမဲ့ လင်ယောက်ျားဆီက ချစ်ခင်မှုကိုတော့ သူ(မ) မရရှိခဲ့ဘူး။

ဒီတော့ စိတ်အာရုံအလုံးစုံကို သားသမီး‌တွေဆီမှာပဲ မြှုပ်နှံထားလိုက်တာပေါ့။ သူ(မ)လိုမျိုး သူ(မ)ရဲ့သားသမီးတွေပါ နာကျင်ခံစားရမှာကို သိပ်စိုးရိမ်ခဲ့တာ။

🎉 You've finished reading နှလုံးသွေးဖြင့် ရေးထိုးအပ်သော (Written In the Heart's Blood) 🎉
နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now