Part 38

3.8K 495 23
                                    

တစ်ခုသောနံနက်ခင်းတွင် ယွန်းအုပ်ကြီးတစ်ခုသည် အမယ့်အိမ်ကို ရောက်လာ၏။စစ်သေနာပတိချုပ်၏အိမ်တော်မှ ယွန်းအုပ်ကြီးဖြစ်၍ အနက်ရောင်က တောက်ပြောင်နေပြီး အနက်ပေါ်မှရွှေရောင် ကနုတ်အညွှန့်အခက်များက များစွာအသက်ဝင်လှပနေသည်။မြနုမှာ လှပလွန်းသည့်ယွန်းအုပ်ကို တအံ့တဩ‌ကြည့်နေမိသည်။

ထိကိုင်လိုက်လျှင် တစ်စုံတစ်ရာပျက်စီးသွားမည်စိုး၍ ဘေးမှထိုင်ကာကြည့်နေ၏။ဗညားသတိုးနှင့်နန်းစောရှင် အမယ့်အိမ်တွင်း ဝင်လာတာကိုမြင်တော့ မြနု မျက်လုံးလေးတွေ တောက်ပသွားသည်။

"သတိုးနဲ့စောငယ်တို့ကို နုစောင့်နေတာ"

"ဘာလို့လဲ မြနု"

"သည်မှာလေ တန်ဖိုးကြီးတဲ့ယွန်းအုပ်ရောက်နေတယ်တော့် နုဖြင့်မကိုင်ရဲပေါင်"

ဗညားသတိုး ယွန်းအုပ်ကိုညဖွင့်ကြည့်လိုက်သည်။ယွန်းအုပ်အတွင်းတွင် ပျားရည်ဆမ်းထားသည့်မုန့်သလက်အဝိုင်းတွေသာမက မုန့်သိုင်းခြုံ၊မုန့်ကျွဲသဲ၊ဘိန်းမုန့်နှင့်ထားဝယ်မုန့်တို့ကို အစုံအလင်တွေ့ရသည်။

ဗညားသတိုး ထားဝယ်မုန့်တစ်ခုကို ယူလိုက်ပြီး နန်းစောရှင်ကို ခွံ့လိုက်သည်။နန်းစောရှင်က ထားဝယ်မုန့်လေးကို ဝါးလိုက်သည်။နန်းစောရှင်  မျက်လုံးလေးတွေ ကွေးအောင်ပြုံးလိုက်သည်။

"အမောင် ဒါက"

"သမိန်သူရိန်ကို ပို့ခိုင်းလိုက်တာလေ"

"ဪ နောင်ကြီးသူရိန်တော့စိတ်ဆိုးရော့တော့မှာဘဲ"

"နုလည်းစားလို့ရလား သတိုး"

မြနုက ရွှန်းလဲ့သည့်မျက်ဝန်းတွေကို အစွမ်းကုန်ဖွင့်ရင်းမေးသည်။

"ရတာပေါ့ စားလေ"

မြနု အလျင်အမြန် မုန့်သိုင်းခြုံတစ်ခုကို ဝါးလိုက်သည်။နူးညံ့သည့်မုန့်သားနှင့်အထဲကအုန်းသကြားကြောင့် မြနု မျက်နှာလေးက ရွှင်လန်းလာသည်။

"ကောင်းလိုက်တာ နူးညံ့နေတာဘဲ"

"မြနု အမယ့်ဖို့ဖယ်ထားရအောင်"

မြနု ခေါင်းညိတ်လိုက်ပြီး မုန့်တစ်ခုစီကိုယူကာ ပန်းကန်ထဲထည့်၍ဘဖယ်ထားလိုက်သည်။ယွန်းအုပ်ထဲမှ မုန့်လေးတွေက ပူနွေးနေကာ အမြင်အရလည်းလှပသည်။မုန့်လေးတွေကဗညားသတိုး၊နန်းစောရှင်နှင့်မြနုကြောင့် ပြောင်စင်သွားရလေသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now