Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်

2.7K 745 94
                                    

Unicode

အခန်း(၃၃၁) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်

လင်ရွှမ်းဇီက ဖုန်ကျင်းယွီအား တစ်ချက်ကြည့်လိုက်သည်။

"အဇူရာမီးလျှံအမိန့်ဆိုတာဘာလဲ?"

ဖုန်ကျင်းယွီက ရှင်းပြသည်။

"နီစွေးခြယ်သတ်ဖြတ်ခြင်း အမိန့်ဆိုတာက လူသတ်မိန့်လေ, ပြီးမြောက်စေဖို့အတွက် ပတ်မှတ်ရဲ့ ဝိညာဉ်ကိုပဲဖြစ်ဖြစ် ခေါင်းကိုပဲဖြစ်ဖြစ် ပြန်ရောက်လာအောင် လုပ်ပေးရတယ်, အဇူရာမီးလျှံအမိန့်ကတော့ ဆန့်ကျင်ဘက်ပဲ; အဲ့ဒါက ပစ်မှတ်ရဲ့ တည်နေရာကိုပဲ သိချင်တာဖြစ်ပြီး သူတို့အသက်ကို မဟုတ်ဘူး ပြီးတော့ ကာကွယ်မှုပေးတဲ့ ရည်ရွယ်ချက် တစ်ချို့တောင် ရှိနေသေးတယ်, အကယ်၍ တည်နေရာကို ရှာတွေ့ပေမယ့်လည်း ပစ်မှတ်က သေသွားပြီဆိုရင် သူတို့အနေနဲ့ ပိုက်ဆံမရရုံတင်မကပဲ အလုပ်ရှင်က မင်းအသက်ကိုပါ ဒေါသထွက်ပြီး သတ်သွားလို့ရနိုင်တယ်"

လင်ရွှမ်းဇီက ထိုအကြောင်းကို စဉ်းစားလိုက်သည်။

"ငါသိပြီ"

ဖုန်ကျင်းယွီက အနားကိုးတိုးလာလေသည်။

"ဘာလို့မင်းရုတ်တရက်ကြီး 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》 အကြောင်းကို မေးရတာလဲ? အဲ့ဒီလျှို့ဝှက်ကျမ်းကို မင်းအဖေ ခိုးလာတာလို့တော့ မပြောနဲ့နော်?"

လင်ရွှမ်းဇီရဲ့ နှလုံးသားက ထိတ်လန့်သွားသော်လည်း သူက ဖုန်ကျင်းယွီအား မျက်နှာသေဖြင့်သာ ပြန်ပြောသည်။

"အဲ့ဒါကို ခိုးယူသွားတာ ငါ့ပါးပါးဖြစ်ကြောင်း မင်းအစောကတည်းက သံသယဝင်နေပြီးသား မဟုတ်ဘူးလား?"

ဖုန်ကျင်းယွီက ရုတ်တရက်ထပြောသည်။

"ငါသံသယဝင်လား မဝင်လား ဆိုတာက မေးခွန်းမဟုတ်ဘူး, နယ်မြေကြီးကိုးခုက လူတိုင်း လင်ကျန်က ရွှမ်းမျိုးနွယ်စု ခေါင်းဆောင်ရဲ့ ခေါင်းပေါ် ဦးထုပ်စိမ်း ဆောင်းပေးပြီး လျှို့ဝှက်ကျမ်းကို ခိုးယူသွားတဲ့အပြင် တစ်ခြားတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်ဆိုတာ သိကြတယ်, ဒါပေမဲ့ အဲ့ဒီလူက ဘယ်တော့မှ ရှေ့ထွက်မရှင်းခဲ့တဲ့အတွက် အဲ့ဒါ အမှန်ဟုတ်မဟုတ် ဘယ်သူမှ မသေချာခဲ့ကြဘူး"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now