Unicode
အခန်း(၁၁၇)နှင်းဆီတွေရဲ့အရောင်
"ရှင့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လျော်ကြေးကို ဘယ်သူက လိုချင်နေလို့လဲ?"
ကုကျင်သည် သူမရဲ့လက်တွေကို သတိထားထိန်းနေ ရ၏။ မတော်တဆ ပိုက်ဆံအိတ်ကိုမပြီး ရှောက်ချောင်၏ အန်ချင်စရာမျက်နှာကြီးကို ဖြတ်ရိုက်မိမှာစိုးသောကြောင့် ပင်။
"စိတ်မကောင်းပါဘူး.. ရှင် မှားယွင်းစွာမှတ်ထားမိ တာပဲ.. ကျွန်မရဲ့လက်ကောက်က မပျောက်ခဲ့ပါဘူး"
ကုကျင်က ခြေတစ်လှမ်းဆုတ်၍ ပြောလိုက်သည်။
"ဒီလိုနည်းနဲ့ တခြားချစ်သူတွေရဲ့ ခံစားချက်တွေကို ဖျက်ဆီးတဲ့နည်းက ဒိတ်ကုန်နေပြီရှင့်.. အခြားသူရဲ့ ကောင်မလေးတွေကို ဘယ်လို သဘောကျချင်စရာ လက်ဆောင်မျိုးမှ မပေးဘဲနေခြင်းအားဖြင့် ပိုကောင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်လာပါစေဖို့ မျှော်လင့်ပါတယ်"
ရပ်ကြည့်နေသူများကတော့ ပွဲ၏အလှည့်အပြောင်း ကြောင့် ကြောင်အမ်းနေကြရှာသည်။
ဆိုတော့ကာ လူချမ်းသာသခင်လေးနှင့် သူ့ရဲ့
စင်ဒရဲလားလေးတို့၏ နတ်သမီးပုံပြင်လေးမဟုတ်ခဲ့ဘူးပဲ။ ထို့အပြင် လူချမ်းသာအမျိုးသားတစ်ယောက်က လှပတဲ့ မိန်းမငယ်လေးကို သူမရဲ့စိတ်ဆန္ဒနှင့် ဆန့်ကျင်ဘက် တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ အတင်းဖိအားပေးနေခြင်း ပဲ။
လုံခြုံရေးအစောင့်သည်လည်း အသိပြန်ဝင်လာခဲ့၏။ ထိုသူက ရှောက်ချောင်အား ခွေးတစ်ကောင်ကို ကြည့်နေ သလိုမျိုး အပေါ်အောက် အစုံအဆန်ကြည့်နေ၏။ ဒီ ကောင် ဘယ်လိုများ ဒီလိုလူမဆန်တာမျိုးကို လုပ်နိုင်ရ တာတုန်း?
"မင်းက အရမ်းရက်စက်တာပဲ"
ရှောက်ချောင်သည် ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်း ၍ ခါးသီးသောအပြုံးတစ်ခုကို ပြသလာခဲ့၏။
"ကိုယ့်ကို ပြန်ပြင်ဆင်ဖို့ အခွင့်အရေးလေးတောင် မပေးဘူး"
သူ၏မှတ်ဉာဏ်များထဲတွင် ကုကျင်သည် သူ့အား သူစိမ်းတစ်ယောက်လိုဆက်ဆံဖို့ မာကျောသောနှလုံးသား မျိုး မရှိချေ။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
