Part 26

1K 93 18
                                    

ဘယ်သောအခါကမှ မမြင်ခဲ့ရဖူးသည့် ကြောက်စရာကောင်းသော လောင်ရဲ့၏ပုံစံက နျူးကိုအကြိမ်ကြိမ်အံ့သြသွားစေနိုင်သည်။ သူဘာမျှပြန်မပြောနိုင်ပဲ လောင်ရဲ့၏မျက်ဝန်းတွေထဲကိုသာ ပြန်ကြည့်မိရင်း သူ၏မျက်လုံးများကပါ ဖမ်းစားခံလိုက်ရသလိုခံစားရလေ၏။

လောင်ရဲ့က သူ့ကိုပြန်လွှတ်ပေးလိုက်သည်။ နျူးကို သူမော့ကြည့်လိုက်ရင်း

“ နျူး…လောင်ရဲ့က မင်းကိုဘယ်လောက်ထိ ချစ်တယ်ဆိုတာ သိတယ်မလား……”

နျူးက ကြောင်တောင်တောင်လေး ရပ်နေရင်းပင် လောင်ရဲ့၏အမေးကြောင့် ခေါင်းကိုဖြည်းဖြည်းချင်းငြိမ့်လိုက်သည်။ လောင်ရဲ့က သူ့ကိုအသာပြုံးပြရင်း

“ အဲ့တာဆို လောင်ရဲ့ပြောတာကို နားထောင်ပေးမယ်မလား”

နျူးက ထပ်မံကာခေါင်းငြိမ့်သည်။ သူ့ထံတွင် မည်သို့သော ငြင်းဆန်မှုမျိုးမှ မရှိတော့လောက်အောင် နျူးတယောက် ငြိမ်ကျသွားသည်။

“ ကောင်းပြီ……ဒါဆို အခုချိန်ကစပြီး ကောင်းကင်မင်းကြီးကိုရော မိစ္ဆာဘုရင်ယွင်းရန်ကိုပါ မတွေ့တော့ပါဘူးလို့ လောင်ရဲ့ကိုကတိပေး။”

“ နျူး…… သူတို့ကို……ထပ်မတွေ့တော့ဘူး။ “

ထိုအခါမှ နျူး၏စကားကြောင့် လောင်ရဲ့ကခပ်သာသာပြုံးလာလေသည်။ သူ အနည်းငယ်တော့ သနားသောမျက်ဝန်းတွေနဲ့ နျူးကိုကြည့်နေမိပြီး အသိစိတ်ဝင်မိသည်နှင့် သူ ထပ်မံကာပြုံးလိုက်ပြီး

“ ဒါဆို……သွားနားတော့လေ…”

“ အွန်း…”

နျူး ဤတခေါက်တွင်တော့ လောင်ရဲ့ကိုကျောခိုင်းလိုက်ပြီး အဆောင်ခန်းထဲသိူ့ ဝင်သွားလိုက်တော့သည်။ လောင်ရဲ့က နျူး၏ကျောပြင်ကိုငေးကြည့်နေရင်း ထပ်မံကာမျက်ရည်များ ကျလာရပြန်ပါတော့သည်။

“ နောက်ကျသွားခဲ့ပြီဆိုရင်တောင်…… အတတ်နိုင်ဆုံး……အတတ်နိုင်ဆုံးတော့…နျူးကိုရော… သူတို့ကိုပါ…”

…………………………

နျူးတယောက် အခန်းထဲတွင်သာရှိနေပေမဲ့လို့ သူ့မျက်လုံးတွေကို မှိတ်လို့မရပါချေ။ လောင်ရဲ့ပြောတဲ့အကြောင်းတွေက ဘာလို့မှန်းမသိ သူ့ကိုစိတ်မသက်မသာဖြစ်စေသည်။ တကယ်ဆို သူနားမလည်။ မိစ္ဆာဘုရင်က ပုန်ကုန်မှာစိုးလို့ သူ့ကိုမိစ္ဆာဘုရင်နှင့်အဆက်အသွယ်မလုပ်ခိုင်းစေချင်ဘူးဆိုလျှင် ဘာကြောင့် ကောင်းကင်မင်းကြီးကိုကျတော့ သူ့အားမတွေ့စေချင်သနည်း။  လောင်ရဲ့၏ စကားတွေက သူမည်သိူ့မျှစပ်ဆက်ကြည့်လို့မရနိုင်လောက်အောင် ရှုပ်ထွေးလွန်းသည်။

The Deal With A Demon King Where stories live. Discover now