Chapter 35.1

29K 3.9K 155
                                    

Unicode

ကျိစစ်ရှင်းက ပညာပြခြင်း
__________________________________

ယန်းချင်းချီနှင့် တွဲဖက်သရုပ်ဆောင်မည့်သူမှာ ကျိစစ်ရှင်းဖြစ်သည်။ ကျိုးဖန်က မုန့်ဝမ်သေသည့်ကိစ္စနှင့်ပတ်သက်ပြီး ရဲတွေစုံစမ်းစစ်​ဆေးတာ ဘယ်ခရီးအထိပေါက်ရောက်ပြီလဲ သိချင်သဖြင့် မုန့်ဝမ်၏ လုပ်ဖော်ကိုင်ဖက်ဟန်ဆောင်ကာ မုန့်လော့ဆီ သတင်းလာနှိုက်သည့်အခန်း ဖြစ်သည်။ ကျိုးဖန်က သူ့ကိုယ်သူ မုန့်ဝမ်၏လုပ်ဖော်ကိုင်ဖက်ဟောင်းဟု ပြောကာ မုန့်ဝမ်အသတ်ခံရသည့် သတင်းကိုကြားပြီး မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်းပြောမည်။ သူက မုန့်လော့ကိုလည်း အရမ်းဝမ်းနည်းမနေဖို့နဲ့ ကံတရားကိုလက်ခံပြီး ရှေ့ဆက်ဖို့ နှစ်သိမ့်ပေးမည်။ ထို့နောက် ရဲတွေဆီကရော ဘာသတင်းတွေကြားရသလဲ စပ်စုချင်သလိုမေးမည်။

မုန့်လော့ကလည်း သူ့ရှေ့ကလူက မုန့်ဝမ်ကိုသတ်ဖို့ တစ်ကြိမ်ကြိုးစားဖူးမှန်း သိထားသည်။ သို့သော် သတ်ခွင့်မသာလိုက်တာကြောင့် အခွင့်အရေးဆုံးရှုံးလိုက်ရကာ မုန့်ဝမ်ကိုသတ်သည့်ကိစ္စက နောက်ဆုံးတွင် သူ့လက်ထဲသို့ရောက်လာခဲ့သည်။ ကျိုးဖန်က သူ့အတွက် တိုက်ခိုက်ပေးနိုင်မည့် ဓားတစ်လက်လည်းဖြစ်သလို ကာကွယ်ပေးနိုင်မည့် ဒိုင်းကာတစ်ခုလည်း ဖြစ်လာနိုင်ကြောင်းကို သူကောင်းကောင်းသိသည်။ ထိုသူကို အသုံးချပြီး သူ အမြစ်ဖြတ်သုတ်သင်ချင်တဲ့လူတွေကို သုတ်သင်ပစ်နိုင်ကာ လွတ်လမ်းကိုလည်း အထိအခိုက်မရှိ ရှာဖွေထားနိုင်မည်။ ထို့ကြောင့် မုန့်လော့က အလိမ္မာလေးနဲ့ သူ့စကားလှည့်ကွက်တွေထဲ ကျိုးဖန်ကို ဆွဲဆောင်ခေါ်ယူရင်း အပြင်ပန်းကလည်း ခြိမ်းခြောက်မှုနည်းသော အပြစ်ကင်းစင်သည့် မျက်နှာလေးဖြင့် ကျိုးဖန်မေးခွန်းတွေကို ချိန်ဆကာ ပြန်ဖြေနေမည်။

ထိုအခန်းက သရုပ်ဆောင်နှစ်ယောက်လုံး ငြိမ်ငြိမ်ဆိမ်ဆိမ်လေး သရုပ်ဆောင်နေကြပေမဲ့လည်း တကယ်တမ်းမှာတော့ စကားလှည့်ကွက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် သွေးတိုးစမ်းနေကြကာ သရုပ်ဆောင် ကောင်းရင်ကောင်းသလောက် ဇာတ်ရှိန်မြင့်လာမည့် အပိုင်းဖြစ်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now