ညနေထဲက ကျတော့်ကိုစကားမပြောပဲ အ၀တ်အစားအနည်းငယ်ကိုသာ အိတ်ထဲထည့်နေတဲ့သူကြောင့် ဘာမေးခွန်းမှမမေးပဲ ထိုင်ခုံပေါ်ကနေသာ ကြည့်နေလိုက်တယ်...ဘယ်သွားဖို့စီစဥ်နေလဲမသိပေမဲ့ ဘယ်သွားသွား အမြဲလိုက်နေမှာမို့ ကျတော့်လက်ထဲက ပြေးလွှတ်မှာမဟုတ်...
' အ၀တ်အစားတွေ ထည့်လို့ပီးပီလား '
' အွန်း '
' အဲ့တော့ ဘာတွေကြံစည်ပီး ဘယ်ကိုသွားမယ်ဆိုတာကော ပြောဖို့အစီအစဥ်ရှိလား '
စိတ်မရှည်သလိုမေးလိုက်တဲ့မေးခွန်းကြောင့် အ၀ေးတနေရာမှာ အထုတ်အပိုးပြင်နေတဲ့ကလေးငယ်က ကျတော့်ဘေးမှာလာထိုင်ကာ ရင်ခွင်ထဲ သူ့ခေါင်းလေးတိုးလာပီး လာချော့ပြန်ပါတယ်...လွန်းတာနေဆန်းက တကယ်မလွယ်တဲ့ကလေး
' ကျတော် ခင်ဗျားနဲ့သုံးရက်လောက် ခွဲရမှာ '
' သုံးရက်မပြောနဲ့ တနာရီတောင်ခွဲလို့မရဘူး ကိုယ်က အချစ်သွားရာနောက်ကို အမြဲလိုက်နေမှာ '
' ကျတော့်အလုပ်ကိစ္စကြောင့် ဆေးရုံမှာသုံးရက်လောက်သွားနေရမှာ '
' ဘာအလုပ်ကိစ္စလဲ '
' ကျတော်တို့ကျောင်းကနေ လမ်းဘေးခွေးလေးတွေကို ကာကွယ်ဆေးလိုက်ထိုးပေးဖို့စီစဥ်ထားတာလေ ဒီအချိန်က ကလေးတွေ သွေး၀မ်းလျှောတဲ့အချိန်မို့ ကာကွယ်ဆေးလိုက်ထိုးထားမှရမှာ '
' အဲ့တာ ကိုယ်ကောလိုက်လို့မရဘူးလား '
' ဘယ်လိုလိုက်လို့ရမှာတုန်း ကျတော်တို့က ဆေးရုံမှာပဲနေရမှာပါဆို '
' အာ မသိဘူးကွာ...သုံးရက်တောင်မခွဲနိုင်ဘူး တရက်ထဲနဲ့အပီးလိုက်ထိုးပေးလို့မရဘူးလား '
' ကျတော့်လူကြီးကတော့ တကယ်ခက်တာပါပဲ...တရက်ထဲနဲ့ ဘယ်လိုအပီးထိုးပေးလို့ရမှာလဲ '
' ဟာကွာ....အဲ့သုံးရက်တွင်း ကိုယ်ကဘယ်လိုနေရမှာလဲ ကိုယ်ကညတိုင်း အချစ်ကိုဖက်အိပ်မှ အိပ်ပျော်တာ '
ဒီတခါ ပြန်ချော့ရမဲ့သူကတော့ကျတော်ပဲထင်ပါတယ်...ကလေးတယောက်လို နှုတ်ခမ်းဆူပီး ကျတော့်စားပွဲပေါ်က ယုန်အရုပ်လေးကိုဆွဲယူကာ နားရွက်ဆွဲလိမ်နေတာကြောင့် သူစိတ်ကောက်နေတာအသေအချာပင်...