Extra**

29.7K 2.2K 21
                                    

" ယောက်ျား~ "

ထိုအသံကြောင့် ကြက်သီးထသွားရသူက သီဟမင်းထင်ဖြစ်သည်။ ထိုင်နေရာမှ ခေါင်းကိုမော့ကာကြည့်မိတော့ တစ်ဉီးတည်းသော ချစ်ရသူခင်ပွန်းဖြစ်နေ၏။

" ငါလာတာတောင် ငါ့ကိုမကြိုဆိုဘူးလား ယောက်ျား "

လာပြန်ပြီ ထိုအသုံးအနှုန်း။ ဒီလူကို ရူးခါသွားစေချင်နေသည်လားတော့မသိ။ ကိုယ်ထဲက သွေးများပင် ပြောင်းပြန်စီးနေသလိုခံစားရ၏။

တဖြည်းဖြည်းယိုယွင်းလာသောမျက်နှာထားကြောင့် သီဟ ထိုင်ရာကထကာ ထွဋ်ခေါင်နားသွားပြီး

" ဘယ်လိုရောက်လာတာလဲ အချစ် "

" ငါ လာတာမပျော်ဘူးလား "

" မပျော်စရာလားကွာ၊ အချစ်ပင်ပန်းမှာစိုးလို့ပါ "

" ဟွန့် မဖြစ်နိုင်တာတွေ "

သီဟ ထွဋ်ခေါင်ရဲ့အပြုအမူတွေကြောင့် ဖျစ်ညှစ်ချင်စိတ်တွေပေါက်လာနေသည်။ အသုံးအနှုန်းတွေ အပြုအမူတွေပြောင်းလဲနေခြင်းရဲ့အကြောင်းအရင်းက တစ်ခုတော့ရှိရမည်။

" အော် ဧည့်သည်ရှိနေတာပဲ "

သီဟ သဘောပေါက်သွားသည်။ မနက်က အိမ်ကမထွက်လာခင် လုပ်ငန်းရှင်သုံးဉီးနဲ့တွေ့စရာရှိကြောင်း ပြောခဲ့သည်။ ထိုစဉ်ကလည်း ယောက်ျားလေးလား မိန်းကလေးလားဟု အတင်းမေးနေခြင်းအား နားလည်သွားပြီဖြစ်သည်။

အခေါ်အဝေါ်တွေရဲ့ ပြောင်းလဲခြင်းကလည်း ထိုကိစကြောင့် ဖြစ်ပေလိမ့်မည်။

" သဲငယ်ကတော့ကွာ!  "

အသည်းယားစွာ စကားဆိုမိပြန်၏။ အခုနောက်ပိုင်း အိမ်မှာ အနေများတဲ့ ချစ်ရသူကအရင်ကထက်ပင် ကြည့်ကောင်းလာသည်ဟုထင်မိသည်။ ဆံပင်ကို နောက်လှန်ဖြီးထားခြင်းက လူကြီးဆန်စေပေမယ့် ရုပ်ကလေးကြောင့် အသက်ကြီးသည်ဟု မထင်ရပဲ သီဟထက်ပင်ငယ်သည်ဟုထင်ရသည်။

ဝတ်ထားသောအဝတ်အစားမှာလည်း ရှပ်လက်တိုနှင့် ဘောင်းဘီဒူးအထက်ကို လိုက်ဖက်စွာ ဝတ်ဆင်ထား၏။ သို့သော်လည်း ခြေသလုံးတွေဖော်ထားတဲ့သူကြောင့် မျက်မှောင်ကျုံ့ထားမိ၏။

မောင့်မူပိုင် (Completed) Where stories live. Discover now