Chapter(332) - ငါ့အမှားပါ, ငါ့အမှား

2.9K 738 49
                                    

Unicode

အခန်း(၃၃၂) - ငါ့အမှားပါ, ငါ့အမှား

မကြားသင့်တဲ့၊ မကြားချင်တဲ့ စကားတွေကို ဆက်ကြားနေရခြင်းကနေ ရှောင်ရှားနိုင်ရန် မဟာအကြီးအကဲ ဟွိုင်ယွီက ယန်ထျန်းဟန် စကားထပ်မပြောခင်မှာ ကမန်းကတန်း ကြားဖြတ်ပြောလိုက်ရသည်။

"ငါတို့မှာအခု သင့်တော်တဲ့ ဆေးလုံးမီးဖိုရှိပြီဆိုတော့ တစ်ခါတည်းပဲ လုပ်လိုက်ကြတာပေါ့, ဆရာမင်းကို ဆေးလုံးဘယ်လိုသန့်စင်ရမလဲ ဆိုတာသင်ပေးမယ်"

ယန်ထျန်းဟန်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြသည်။

"ဟုတ်, ကျွန်တော်လည်း မြန်မြန်လေး သင်ယူချင်တယ် အဲ့ဒါမှ သူတို့ကို ပိုက်ဆံနဲ့ လဲလှယ်ပြီး အကိုကြီးရဲ့ အကြွေးတွေကို မြန်မြန်လေး ပြန်ဆပ်ဖို့အတွက် ကူညီပေးလို့ရမှာ!"

မဟာအကြီးအကဲ ဟွိုင်ယွီက အသက်ကိုပြင်းပြင်း ရှုလိုက်ပြီး လင်ရွှမ်းဇီရဲ့ တည်ရှိမှုအား တတ်နိုင်သမျှ လစ်လျူရှုရန် ကြိုးစားလိုက်သည်။

"တကယ်တော့ အဆိပ်ဆေးလုံး သန့်စင်တယ် ဆိုတာက အရမ်းရိုးရှင်းပါတယ်, ငါပြီးရင် သန့်စင်ပြမယ် မင်းကဒီအတိုင်း ကြည့်နေ, အိုး, စကားမစပ် မင်း《အဆိပ်များ၏နက်နဲသောကျမ်း》ထဲက အရိုးရှင်းဆုံး အဂ္ဂီရတ်ပညာ လက်စည်းတံဆိပ်တွေကို ကျွမ်းကျင်သွားပြီလား?"

ယန်ထျန်းဟန်က ခေါင်းညိတ်သည်။

"အရင်လက ကျွန်တော် နေ့တိုင်း တစ်နေ့ကို အကြိမ်ပေါင်းရာချီပြီး လေ့ကျင့်ထားတယ်, ပုံမှန်အားဖြင့်တော့ ဇောက်ထိုး ဖြစ်နေရင်တောင် ကျွန်တော့ မှတ်ဉာဏ်ထဲကနေ ဆွဲထုတ်နိုင်နေပြီ"

နောက်ဆုံးတော့ မဟာအကြီးအကဲ ဟွိုင်ယွီက အတော်အသင့် ကျေနပ်သွားပုံပေါ်သည်။

"ဒါကမှဟုတ်သေးတယ်"

အကယ်၍သာ တစ်စုံတစ်ယောက်က ဒီဆရာတပည့်ကြားက စကားတွေကို ကြားသွားမယ်ဆိုရင် သူတို့မေးရိုးများ ပြုတ်ကျတဲ့အထိ ထိတ်လန့် ကုန်ကြလိမ့်မည်။ အဂ္ဂိရတ်ပညာသည် အထူးတလှယ် ခက်ခဲသောလမ်းဖြစ်သည်။ ဆရာက တပည့်ကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမယ် ဆိုရင်တောင် တပည့်အနေနဲ့ စတင်ဖို့ အနည်းဆုံး သုံးလကနေ ငါးလလောက်ထိ အချိန်ယူရ၏။ သို့သော် မဟာအကြီးအကဲ ဟွိုင်ယွီကတော့ ယန်ထျန်းဟန်အား သူသန့်စင်တဲ့ပုံစံကို တစ်ခါကြည့်လိုက်တာနဲ့ သင်ယူနိုင်လိမ့်မယ်ဟု ပြောနေပြီး ယန်ထျန်းဟန်ကလည်း အဲ့ဒါနဲ့ ပတ်သတ်လို့ တစ်စုံတစ်ရာ မှားယွင်းတယ်လို့ပင် မထင်နေ....

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now