အပိုင်း ၁၂၈ (သူမအိမ်လည်လာခြင်းရဲ့ရည်ရွယ်ချက်)

3.3K 416 4
                                    

[Zawgyi]

ကြက်ကင်ရဲ့လူကြိုက်များမှုက ထန်ကူမြို့အနီးတဝိုက်က ရွာတွေမှာ ကြက်မွေးမြူသူ အရေအတွက်ကို တိုးပွားလာစေခဲ့တယ်။ ဥပမာပြောရရင် ကြက်အကောင်ရေ တစ်ရာနှစ်ရာနီးပါးခန့် မွေးမြူထားတဲ့ ရှောင်ချောင်းတို့အိမ်နီးချင်း ကျိုးမိသားစုပဲ။ နှစ်သစ်ကူးကာလတုန်းက သူတို့တွေသိပ်ပြီး ရောင်းမကောင်းခဲ့တာကြောင့် အမျိုးသမီးဖန်းက စိတ်ညစ်ပြီး အိပ်မပျော် စားမဝင်တောင်ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ ကျိန်ရှုံစားသောက်ဆိုင်က အရောင်းကောင်းဆုံးဟင်းလျာ ကြက်သားကင်ကို ပွဲထုတ်ပြီး နောက်မှာတော့ ကြက်သားဝယ်လိုအားက တစ်နေ့ထက်တစ်နေ့ မြင့်မားလာလိမ့်မယ်ဆိုတာ ဘယ်သူမှ မျှော်လင့်မထားကြဘူး။ ကြက်သားဈေးကလည်း နဂိုကထက် သုံးပုံတစ်ပုံခန့် မြင့်တက်လာခဲ့တယ်။ ရလဒ်အနေနဲ့ အမျိုးသမီးဖန်းက သူ့တို့မွေးထားတဲ့ကြက်တွေ မရောင်းရမှာကို မပူရတော့ပေ။ ဒီနှစ် နွေဦးအစမှာ ကြက်ကလေးတွေ အကောင်တစ်ရာလောက် ဥပေါက်ခဲ့တဲ့အပြင် ဟိုဟိုဒီဒီက ကြက်ပေါက်လေးတွေလည်း ရှာဝယ်ထားကြသေးတယ်။ ရှန်းဟူဆီကကြားတာတော့ သူတို့ဒီနှစ်မှာ ကျိန်ရှုံစားသောက်ဆိုင်ကို သွင်းဖို့အတွက်တင် ကြက်အကောင်လေးရာ ငါးရာလောက်မွေးဖို့ စီစဉ်ထားတယ်တဲ့!

ကျိုးမိသားစုနဲ့ ကျိန်ရှုံစားသောက်ဆိုင်တို့ ဆက်စပ်မိသွားတာကတော့ ယွီမိသားစုရဲ့ကျေးဇူးတွေပင်။ ယောင်မိသားစုလိုပဲ ကျိန်ရှုံစားသောက်ဆိုင်ကလည်း သူတို့ဝယ်တဲ့ ဟင်းသီးဟင်းရွက်တွေကို သယ်ယူဖို့ ယွီဟိုင်တို့ဆီကို နေ့တိုင်းလှည်းတစ်စီး ပို့ပေးတယ်။ ကျိန်ရှုံစားသောက်ဆိုင်က ဟင်းသီးဟင်းရွက်တွေ ပမာဏအများကြီး ဝယ်ယူတာကြောင့် အလုပ်အရမ်းများတဲ့ ယွီမိသားစုဆီကို အမျိုးသမီးဖန်းက သူ့သမီးနှစ်ယောက်ပါခေါ်ပြီး လာကူညီပေးတတ်တယ်။

ကျိန်ရှုံစားသောက်ဆိုင်ရဲ့အဝယ်တော်လေး ချန်းရှောင်သောက သူတို့စားသောက်ဆိုင်ရဲ့ ကြက်ကင်က အတော် ရောင်းကောင်းနေတဲ့အကြောင်း ပြောပြတယ်။ ကြက်သားဝယ်ဖို့ တာဝန်ကျတဲ့ ဆိုင်အလုပ်သမားတွေက ခြေထောက်တွေတိုတဲ့အထိ ဘေးပတ်လည်က ရွာတွေဆီမှာ အပြေးအလွှား ဝယ်နေကြရတယ်တဲ့။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now