အပိုင်း ၁၂၉ (အဆိပ်မရှိခြင်း)

3.2K 406 0
                                    

[Zawgyi]


အမျိုးသမီးမောက်က စိတ်သက်သာရာရသွားပြီး

"ကျေးဇူးအများကြီး တင်ပါတယ်ကွယ်! ကျိန်ရှုံ စားသောက်ဆိုင်ရဲ့ ကျော်ကြားတဲ့ စားဖိုမှူးတောင်မှ မင်းရဲ့ အချက်အပြုတ်စွမ်းရည်ကို ချီးမွမ်းနေရတာဆိုတော့ မင်း အရသာရှိတဲ့ ဘဲသားဟင်းလျာကို သေချာ ပေါက်လုပ်နိုင်မှာပါ အရင်ဆုံး ဒီဘဲနှစ်ကောင်နဲ့ စမ်းချက်ကြည့်လိုက် တကယ်လို့ မလုံလောက်ရင် အရီးထပ်ပြီး ယူလာပေးမယ်။ ရှောင်ချောင်း ငါမင်းလက်ထဲ ဒီကိစ္စကို လွဲထားလိုက်မယ်နော်"

"အရီး ကျွန်မတို့ မိသားစုဆက်ဆံရေးက ဒီလိုအရမ်းယဉ်ကျေးနေစရာမှ မဟုတ်ဘဲ။ ဒါပေမဲ့ အရင်ဆုံး ရှင်းရှင်းလင်းလင်း လုပ်ထားရအောင် တကယ်လို့ အောင်မြင်သွားရင် ပြုလုပ်နည်းက ကျွန်မပိုင်မယ် အရီးမိသားစုရဲ့ ဘဲတွေရောင်းဖို့ကိုတော့ ချန်းရှောင်သောကို အကြုံပြုပေးနိုင်တယ်"

ယွီရှောင်ချောင်းက ကြိုတင်ပြီး အကြောင်းအရာရှင်းလင်းအောင် လုပ်ထားလိုက်တယ်။

အမျိုးသမီးမောက်က လိုက်လျောညီထွေး မနေတတ်တဲ့သူ မဟုတ်တာကြောင့် သူ့ရဲ့ခေါင်းကို ထပ်ခါထပ်ခါ ညိတ်လိုက်ရင်း

ဟုတ်တယ် မှန်တာပေါ့! ဒါက ဒီလိုပဲ ဖြစ်ရမှာပေါ့! အရီးတို့ မိသားစုရဲ့ ဘဲတွေ ရောင်းလို့ရအောင် ကူညီပေးဖို့ ဆန္ဒရှိတာကိုပဲ အရမ်း ကျေးဇူးတင်လှပါပြီ တကယ်လို့ မင်းလုပ်ထားတဲ့ ပြုလုပ်နည်းကို အရီးက ငမ်းငမ်းတက် လိုချင်နေရင် အရီးကို လူတစ်ယောက်လို့ သတ်မှတ်လို့ရဦးမှာတဲ့လား

သူမရဲ့ ကျေးဇူးတင်မှုကို ထပ်ခါ ထပ်ခါ ပြနေတဲ့ အမျိုးသမီးမောက် ပြန်သွားပြီးနောက် ယွီရှောင်ချောင်း အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ စစ်မေးချင်နေတဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ သူတို့အား အမျိုးသမီးမောက် လာလည်ရတဲ့ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ရှင်းပြလိုက်ရတော့တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now