အပိုင်း ၁၃၄ (အတွေ့အကြုံရင့်တဲ့အစားချစ်သူ)

3.4K 450 6
                                    

[Zawgyi]


ဒါက ဘဲသားပေါင်းလေ... ဟင်းပွဲသစ်တစ်မျိုးရလာခဲ့တယ်... ဒါကို ပေါင်းဖိုထဲ ထည့်ပေါင်း... ရပြီဆို အပေါ်ကနေ ဟင်းအနှစ်လောင်းပြီး စားရုံပဲ

ယွီရှောင်ချောင်း ဒီကိုလာတာ သူ့ရဲ့ ဘဲသားဟင်းကို ကြော်ငြာဝင်ဖို့ပဲလေ။ ဒါကြောင့် ရလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချရတာပေါ့။

ဘဲသားပေါင်း? ရှောင်ချောင်းက ဟင်းပွဲသစ်တစ်ခုကို ရလာပြန်ပြီလား?

တိုင်းတရာသူကြီးမင်းရဲ့သားနဲ့အတူ အပြင်ကနေဝင်လာသော ကျိုးကျီရွှီက မောမောနဲ့ မေးလိုက်တယ်။

ယွီရှောင်ချောင်းက ပြုံးပြကာ နှုတ်ဆက်လိုက်တယ်

တတိယသခင်လေး...မနက်စောစောစီးစီး ဘယ်သွားပြန်လာတာလဲ?

ကျိုးကျီရွှီကလည်း

ဘယ်ရှိမလဲ... ဆိပ်ကမ်းနားက ဆောက်လုပ်ရေးကနေ ပြန်လာတာပေါ့... ဒီစက်ရုံတည်ဆောင်ဖို့က အတော်လေး အရေးကြီးတော့ ဒီရက်ပိုင်း ကိုယ်တိုင်ပဲ ဦးစီးပြီး လုပ်နေရတာလေ

အလုပ်တွေ အရမ်းကြိုးစားနေတာပဲ

ရှောင်ချောင်းက သူမရဲ့အရင်ဘဝမှာဆို အလယ်တန်းကျောင်းသားအရွယ်လောက်ပဲရှိသေးတဲ့ လူငယ်လေးကို စိတ်ထဲကနေ လေးစားလို့နေတယ်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလိုပဲ။ လယ်သမားရဲ့သားက လယ်စိုက်တော်သလို၊ တော်ဝင်ကုန်သည်ရဲ့သားကလည်း စီးပွားရေးလုပ်တဲ့အချိန် အလုပ်ကြိုးစားမှာပဲ။

ကျိုးကျီရွှီက ပါးစပ်နားရွက် တက်ချိတ်တော့မလိုကို ပြုံးလိုက်ကာ

ဒီစက်ရုံကြီး မြန်မြန်ပြီးသွားရင်ကို ပင်ပန်းရကျိုးနပ်ပါပြီ... ရှောင်ချောင်း... မင်းသိလား? ဒီခရုဆီ တစ်မျိုးတည်းကိုတောင် အမှာက ဗူးနှစ်ရာကျော်ရှိပြီ! ငါတို့ရဲ့ခရုဆီလုပ်ငန်းက စတောင် မစရသေးပေမယ့် ဆိုင်တွေက ဗူးငါးထောင်လောက်ကို ကြိုမှာထားကြတာ... တောင်ပိုင်းအရပ်က ဆိုင်တွေ ပိုများတယ်!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now