Part(25)

3.1K 90 0
                                    

        အပိုင်း(၂၅)

"အဟင့် ဦးBlack အဟီး..."

"စိတ်အေးအေးထားပါ သက်ရယ် ဦးBlackကမကြာခင် ပြန်နိုးလာမှာပါ "

"အဟင့် ဟီး "

ဘာစကားမှမပြောနိုင်ဘဲ ငိုကြွေးနေသည့် သက်ရဲ့ခန္ဓာကိုယ်လေးကို သသရင်ခွင်ထဲမှာ ပွေ့ဖက်ရင်း စိတ်ကြိုက်ငိုစေခဲ့သည်။

ရာသက်ပန်ရဲ့အင်္ကျီပေါ်မှာလည်း Blackရဲ့သွေးတွေက မြင်မကောင်းအောင် ပေကျံနေသည်။

စည်းကတော့ Blackဝင်ရောက်သွားတဲ့အရေးပေါ်အခန်းကိုသာကြည့်နေကာ မျက်နှာမှာလည်း ဒေါသကြောင့် နီရဲနေသည်။ အံကိုတင်းတင်းကြိတ်ကာ လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားသည်က ဒေါသကို ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။

သက်ရဲ့ဖုန်းဆက်မှုကြောင့် Blackလုပ်ကြံခံရတာကိုသိပြီး သူတို့လင်မယားလိုက်လာတော့ ကလပ်အတွင်းမှာ သွေးတွေဗလပွနဲ့Blackကို ပွေ့ဖက်ထားသည့် သက်ကို တွေ့လိုက်ရသည်။

ရိုက်ခံရသည့်အချက်က ဘယ်နှစ်ချက်လဲဆိုတာမသိရပေမဲ့ ပြင်းထန်စွာရိုက်ခံရတာက ဒလဟောထွက်နေတဲ့သွေးတွေက သက်သေပင်။

"တောင်းပန်ပါတယ် Black မင်းက ငါ့အပေါ် အရာရာတာဝန်ကျေပေမဲ့ ငါက‌တော့ တာဝန်မကျေခဲ့ဘူး "

"ရှော...!"

ဆရာဝန်ထွက်လာတော့ သက် ငိုတာရပ်သွားပြီး သသသရင်ခွင်ထဲမှရုန်းထွက်ကာ ဆရာဝန်နားအပြေးသွားသည်။

"‌ဆရာ အခြေအနေက ဘယ်လိုလဲ ဘာမှမဖြစ်ဘူးမလား "

"သွေးထွက်လွန်တာတော့ ထိန်းထားလိုက်ပါပြီ ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်မိတာဆိုတော့ သတိရမှအဖြေသိရမှာပါ သတိရဖို့ပဲ ဆုတောင်းရမှာပါ "

"ဘယ်အချိန်လောက် သတိရနိုင်မလဲ "

"လူနာအပေါ် မူတည်ပါတယ် အကြာရီးလည်းအိပ်နေနိုင်သလို ခဏတာအတွင်းမှာလည်း သတိရနိုင်ပါတယ်"

ဆရာဝန်ရဲ့ မရေရာမသေချာတဲ့ စကားကြောင့် သက် အားပျော့စွာ အောက်မှာ ထိုင်လျက်သားလဲကျသွားရသည်။

"စိတ်မပူပါနဲ့သက် Blackဆိုတဲ့ကောင်က သန်မာတယ် မကြာခင်ပြန်နိုးလာမယ်ဆိုတာ ကိုယ်...ယုံကြည်တယ် "

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now