Chapter 7.2

1K 189 9
                                    

ငါ ကျုကျွယ်ကို ငါ့အနောက်ကို ဆွဲပို့ထားလိုက်တယ်။ သူက အဓိကဇာတ်လိုက်ဖြစ်နေတာကို ထည့်မတွက်ရင်တောင်မှ ငါက သူ့ထက် ကျင့်ကြံဆင့်ပိုမြင့်တဲ့အပြင် ဂျူနီယာ တပည့်လေးတွေကို ကာကွယ်ဖို့က ငါ့တာဝန်ပဲလေ။အဓ်ိကဇာတ်လိုက်တွေက အရေးပါဆုံးပဲ! ပြောရရင် ကျုကျွယ်မှာ ခုထိတောက်ပနေတဲ့ အဓိကဇာတ်လိုက်ရောင်ဝါကရှိနေတုန်းပဲ။ ဒီတော့ တခြားကာရိုက်တာလေးတွေ သေသေ၊ အကြီးအကျယ်ပဲ ဒဏ်ရာတွေရရ၊ အဓိကဇာတ်လိုက်ကတော့ သူ့ရဲ့ကံကောင်းခြင်းတွေကို အကျိုးရှိရှိအသုံးချပြီးတော့ ဆက်ပြီး အသက်ရှင်မှာပဲ။ အရင်ကထက် ပိုပြီးတိုးတက်လာနိုင်ခြေတောင်ရှိသေး။ ဒီလိုမျိုး တစ်ယောက်ယောက်က အင်မတန်မျက်နှာသာပေးခံနေရတာက ကျန်တဲ့သူတွေကို အရမ်း မနာလိုဖြစ်စေတယ်။ ဆိုလိုချင်တာက သူ့ကျင့်ကြံဆင့်က ငါ့လောက်မမြင့်ပေမယ့် ကျုကျွယ်က ငါကာကွယ်ပေးတာကို လိုအပ်နေတာမျိုးမဟုတ်ဘူး။ သေချာစဉ်းစားမိတော့ ဒါကတကယ်ကို စိတ်ဓာတ်ကျစရာကြီးပဲ။

လန်မုယွီလို့ခေါ်တဲ့ ငါတို့ရဲ့ ဗီလိန်ဘော့စ်လေးကို ငါမော့ကြည့်လိုက်တယ်...... အင်း။ သူ့မှာ တကယ့်ကို နတ်ဆိုးလိုခန့်ညားတဲ့ အကြမ်းထည်ဆန်ဆန်နာမည်ရှိတယ်။ ငါတို့ကို ကြည့်ရင်း သူ့မျက်ဝန်းတွေကို တဖြည်းဖြည်းမှေးကျဉ်းလိုက်တယ်။ သူ့နှုတ်ခမ်းဖျားတွေ ကော့တက်သွားပြီး

"ဒီမှာ ကြွက်လေးနှစ်ကောင် ရှိနေတာပဲ။"

ငါသိနေတယ်။ ဒီလူက နတ်ဆိုးဆန်ဆန်ချောမောပြီး ရိုင်းစိုင်းတဲ့ပုံစံရှိတယ်။ ဒါပေမယ့် တစ်နေရာရာမှာ တစ်ခုခုကလွဲနေသလိုပဲ။ နောက်တော့ ဒီကမ္ဘာရဲ့ ကာရိုက်တာဆက်တင်က တကယ့်အကျင့်စရိုက်တွေနဲ့ ဘယ်လောက်တောင် သွေဖီနေသလဲဆိုတာ ငါသတိရသွားတယ်။ ဒီလူရဲ့ တကယ့်ပုံစံက အူတူတူနဲ့အရမ်းချစ်ဖို့ကောင်းမယ့်ပုံလေး။ ဒါပေမယ့် ဒါကို အခုထုတ်ပြောလို့မှမရသေးတာ။ ငါသူ့ကို လှမ်းမေးလိုက်တယ်။

"မင်းရဲ့ နာမည်ကို မေးလို့ရမလား။"

ဒီမေးခွန်းက တကယ့်ကို သုံးစားမရဘူး။ တကယ်တော့ စာရေးသူ အပိုင်းသစ်တင်လိုက်တည်းက ငါသူ့ရဲ့နာမည်ကို သိပြီးနေပြီကော။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now