part 18

14.7K 1.1K 133
                                    


မူးယစ်ရာဇာတို့ ကြီးစိုးရာ တာချီလိတ်မြို့တစ်မြို့၏ ရွှေတြိဂံဒေသတစ်ခုဖြစ်၏ ။ သူတို့လောကအသိုင်းအ၀ိုင်းကြား ဘိန်းဘုရင်ခွန်ဆာဆိုလျှင် မသိသူမရှိအောင်ထိ ကျော်ကြားခဲ့သော ဘိန်းဘုရင်ကြီး ကျက်စားအုပ်စိုးခဲ့သော ဒေသမှာလည်း ရွှေတြိဂံ၌ပင်ဖြစ်လေသည် ။

ညမီးရောင်၏ အလင်းအထိန်သည်ပင် မှိုင်းညှို့ညှို့နှင့် ခြောက်ခြားစရာ ကောင်းလှပေသည် ။

မှိုင်းညှို့ညှို့ မီးရောင်အောက်တွင် တည်ရှိနေသည်မှာ ဖဲချပ်များဖြင့် ၀ိုင်းပေါင်းများစွာ ဖွဲ့စည်းထားသော ကာစီနိုရုံကြီးဖြစ်၏ ။ ရှုံးသူ နိုင်သူတို့၏ အော်သံများ၏ကြားတွင် ဘ၀ရပ်တည်ရန် ကြိုးစားနေကြသော ဆယ်ကျော်သက်အရွယ်ကလေးများသည် တူညီဝတ်စုံလေးများဖြင့် ကစားဝိုင်းများ၏ အနီးတွင် ဧည့်သည်ခိုင်းသမျှ ဆောင်ရွက်နေရသည်လည်း ရှိ၏... ။ ရှုံးမဲ, မဲ ကာ ရမ်းသမ်းပစ်ခတ်လိုက်သော သေနတ်ထဲမှ ကျည်ဆံလေးများသည် ထိုကလေးများ၏ ၀မ်းတွင်းသို့လည်း မကြာခဏ ဖောက်ထွက်သွားလေ့ရှိပြန်၏ ။ ဥပဒေမဲ့နေသော ၊ လူ့အခွင့်အရေးတို့ ဆုံးရှုံးနေသော ၊ အားကြီးသူဖိနှိပ်ခြင်းကို ခံနေရသော အားနည်းသူများဖြင့် ဖွဲ့စည်းထားသည့် ထိုငရဲပြည်ကြီးအား လက်ဝါးကြီး အုပ်ထားသူ က
' တော်ဝင်မင်းခက်ထန်' တဲ့..... ။

လက်ဖျံပေါ်မှ အနက်ရောင်နဂါးပုံ တက်တူးလေးသည် ညိုစိမ့်စိမ့် အသားအရည်တွင်တောင် ထင်ပေါ်ကာ ဂျာမနီမှ ဆင့်ခေါ်ထားသော တက်တူးဆရာသည် လက်ရာပြောင်မြောက်လွန်းလှသည် ။ အခန်းပြင်တွင် လောင်းကစားသမားများဖြင့် ပြည့်နှက်နေသည်ဆိုပါက အခန်းတွင်းတွင်တော့
မကောင်းဆိုးဝါးတစ်ကောင်ကို ဆင့်ခေါ်ခစားနေသော ပွဲအခမ်းအနားတစ်ခု ဖြစ်တည်နေသလိုပင် ။

တက်တူးဆရာ၏ စုတ်ချက်များကိုပင် သူ၏ ခန္ဓာကိုယ်က မမှုသလို လက်ခံနိုင်သည့်အလား မျက်နှာတစ်ချက် ပျက်ယွင်းသွားခြင်းတော့ မရှိချေ ။

ရှေ့တည့်တည့်မှ လူသား၏ ဖြူဖပ်ဖပ်မျက်နှာထားတင်းတင်းလေးကို အရသာခံနေရသည်ကိုက တလောကလုံးကို မေ့မောသွားစေနိုင်ခဲ့သည် ။

You are my husband (Season 1)Completed  Where stories live. Discover now