Ep-28

11.6K 939 8
                                    


"အဆင်ပြေရဲ့လား ဗိုက်ရောနာပြီလား"

ဒီတစ်ပတ်အတွင်းဘယ်အချိန်မွေးမလဲမသိတာကြောင့်ဆေးရုံမှာပဲနေဖို့ပြောတဲ့ဒေါက်တာကြောင့် သူဆေးရုံတတ်နေတာနှစ်ရက်ရှိပြီ ။မွေးခါနီးမို့လားမသိ ၊ဗိုက်ကသိသိသာသာကြီးဆူထွက်နေပြီး လမ်းလျှောက်ရတာလည်းခက်ခဲလာသည် ။ မွေးမည့်ကလေးကဘာလေးလဲမသိရသေးပေမယ့် မုန့်ဖိုးတွေကတော့ဆက်တိုက်ကိုရနေတာဖြစ်သည် ။

ခန့်ကလေးအတွက်မုန့်ဖိုးလွဲပေးတဲ့ကိစ္စကိုဒေါက်တာကတစ်ဆင့် ခန့်မင်းမြတ်ကပါသိသွားပြီးကလေးအတွက်ဆိုကာမုန့်ဖိုးငါးသိန်းအကောင့်ထဲ လာထည့်ပေးသည်။ ဒီအကောင့်က ကလေးအတွက်ပေးထားတဲ့မုန့်ဖိုးတွေစုထား​ပေးဖို့ဖြစ်သည် ။မထင်ထားစွာထပ်​ရောက်လာတဲ့ပိုက်ဆံဆယ်သိန်းက ကိုနာဂစ်ဆိုတဲ့ဂျပန်ကမောင့်အသိ။ လူမထွက်သေးတဲ့ဖေကြီးကလည်း
သူ့မြေးမမွေးခင်ပြန်လာမယ်ဆိုပြီး ကြုံးဝါးနေသည်။

"ခွန်းလက်ယာ ခဏအိပ်လိုက်ပါဦး ဒီရက်ပိုင်းကောင်းကောင်းအနားယူဖို့လိုမယ်"

သူအိပ်လို့မပျော်ပါ ၊ပထမဆုံးအကြိမ်မို့လားမသိကလေးအတွက်သူအရမ်းရင်ခုန်နေသည် ။ရုတ်တရတ်ဗိုက်ကိုသူကိုင်ထားချိန် သူ့ဗိုက်ကိုလာကန်တဲ့အထဲကအရာလေးကြောင့် သူအံ့သြမိသည်။ လရင့်တည်းကတစ်ခါမှမကန်တဲ့ကလေးက ဒီနေ့မှကန်နေတာ။

"မောင် လာဦး ဒီကိုကိုင်ကြည့်"

ဒေါက်တာဂျိုးဇက်နှင့်စကားပြောနေတဲ့မောင့်ကိုအနားခေါ်ပြီးမောင့်လက်ကို ဗိုက်ပေါ်တင်လိုက်သည်။
မင်းဖေကြီးကိုကန်လိုက်စမ်း။

"အထဲကနေလာထိနေတယ် အထဲကဟာလေး
ငြိမ်ငြိမ်နေလေ အဲ့လောက်ထွက်ချင်နေလည်းထွက်လာပါလား ဘာလို့အထဲကနေကန်နေတာလဲ "

"မောင် သားလေးထင်တယ်နော်"

"ဟာ ဘယ်ကလား သမီးလေးမို့ကိုယ်ဝန်ဆောင်နေ
ချိန်မောင့်လက်ယာလေးဒီလောက်လှလာတာလေ"

မောင့်ကိုတော့ပြောမနေတော့ပါ ၊ကိုယ်ကတော့သူနှင့်တူတဲ့သားလေးကိုစိတ်ကူးရင်ထားတာကို သူကတော့သမီးလေးမှသမီးလေးဖြစ်နေသည် ။

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now