အင်းတော်ကြီးသမိုင်း ၂

1.8K 217 1
                                    

အင်းတော်ကြီးသမိုင်း ၂

အင်းတော်ကြီးအရှင်နဂါးမင်းနဲ့ မိဖုရားခေါင်ကြီးတို့ကနေ ပုပုနာဂီဆိုတဲ့ နဂါးမင်းသမီးလေး ဖွားမြင်လာခဲ့တယ်။ အသက် ၁၄ နှစ်အရွယ်ပဲရှိသေးပေမယ့် ချောမောလှပလွန်းလို့ နံ့စမ်းတာအရှင်က တစ်နေ့နေ့တော့ သူ တောင်းရမ်းလက်ထပ်မယ်ဆိုပြီး ကြံရွယ်ထားတယ်။ လွှဲအိမ်တောင်အရှင်ကလည်း မိဖုရားမြှောက်စားပါရစေဆိုပြီး အင်းတော်ကြီးအရှင်ဆီမှာ တောင်းရမ်းတယ်။ အင်းတော်ကြီးအရှင်က လွှဲအိမ်တောင်အရှင်ကို လာမယ့်နှစ်မှာ သမီးတော်နဲ့ လက်ထပ်ထိမ်းမြားပေးမယ်ဆိုပြီး အမိန့်ရှိခဲ့တယ်။
တစ်နေ့တော့ ဘိုးစွက်လားဆိုတဲ့ တံငါသည်တစ်ယောက်ပစ်လိုက်တဲ့ ကွန်ဟာ နဂါးမင်းခေါင်းမှာ စွပ်မိသွားတယ်။ ခဲ ၉ ပိဿာ ကြိုး ကိုးတောင်တပ်ကွန်ကြီးဖြစ်တာကြောင့် အင်းတော်ကြီးအရှင် ခေါင်းလေးပြီး ကိုက်ခဲနေတယ်။ လူသားလက်လုပ်ဖြစ်တဲ့ ကွန်ကွက်ကို နတ်မင်းတွေဟာ မမြင်ရတော့ အင်းတော်ကြီးအရှင်ရဲ့ ရောဂါကို နှစ်ကြာရှည်ကုတာတောင် မပျောက်နိုင်ခဲ့ဘူး။

ဆေးဝါးကျွမ်းကျင်နားလည်တဲ့ နန့်တိန်းချောင်းအရှင်ကြီးက အင်းတော်ကြီးဘက် ရောက်လာချိန်မှာ အင်းတော်ကြီးအရှင်ရဲ့ ရောဂါကိုပျောက်အောင်ကုပေးဖို့ ပင့်ဖိတ်ခံရတယ်။ ခေါင်းကိုက်ခဲနာကို နှစ်ရှည်လများ ခံစားနေရတဲ့ အင်းတော်ကြီးအရှင်ဟာလည်း သူ့ရဲ့ ရောဂါကိုပျောက်အောင်ကုသပေးရင် သမီးတော်နဲ့ လက်ထပ်ထိမ်းမြားပေးမယ်လို့ ကတိတဝတ်ပြုလိုက်ပြန်တယ်။

နန့်တိန်းချောင်းအရှင်ဟာ ပုပုနာဂီ နဂါးမင်းသမီးလေးကို မြင်လိုက်ရတာနဲ့ သတိလစ်မေ့သွားလောက်အောင် ချစ်ကျွမ်းဝင်သွားခဲ့တယ်။ သူဟာ လူတပိုင်း၊ နတ်တပိုင်းဖြစ်တာကြောင့် အင်းတော်ကြီးအရှင်ခေါင်းမှာ တွယ်ငြိနေတဲ့ ကွန်ကွက်ကို မြင်ရတယ်။ ဒါ့ကြောင့်လည်း ဂါထာရွတ်သလိုလိုဟန်ပြုရင်း နဂါးမင်းအမောက်မှာငြိနေတဲ့ ကွန်ကို ဓါးနဲ့ဖြတ်ချလိုက်တယ်။ ကွန်ကြီးဟာ အမောက်ကနေ လျောကျပြီး လည်ကုတ်မှာသွားငြိတယ်။ အင်းတော်ကြီးအရှင်ခမျာ ခေါင်းကိုက်ပျောက်ပေမယ့် လည်ကုတ်ကြီးလေးပြီး နာလာတာပေါ့။ နန့်တိန်းအရှင်ဟာ ချက်ချင်းရောဂါပျောက်သွားရင် သူ့ရဲ့ လုပ်ဆောင်ချက်ကို တန်ဖိုးမထားမှာစိုးလို့ ကွန်ကို တစ်ရက်တည်းနဲ့မဖြုတ်ဘဲ တစ်ရက်တစ်ကွက် ဖြုတ်ချခဲ့တယ်။

တောင်တောရယ်သာWhere stories live. Discover now