Ep-27(Uni/Zg)

77.9K 5.2K 952
                                    

' ကဲ တာ၀န်ကျ ကျောင်းသားတွေအကုန်လုံး အဆင်သင့်ဖြစ်ရင် အုပ်စုခွဲပေးထားတဲ့အတိုင်း စတင်ထွက်ခွာလို့ရပါပီ '

ဆရာ၀န်ကြီးရဲ့စကားအဆုံးမှာတော့ သုံးယောက်တတွဲစီတွဲပေးထားတဲ့ တိကုဆရာ၀န်လောင်းလေးတွေက duty coatလေးတွေကိုယ်စီနဲ့ ခွေးလေးတွေကို ကာကွယ်ဆေးစထိုးပေးဖို့ ဆေးရုံကနေ စတင်ထွက်ခွာပါတော့တယ်...

ဆေးအိတ်ကို မနိုင်မနင်းသယ်ကာ တလမ်း၀င်တလမ်းထွက်ပီး ကာကွယ်ဆေးလိုက်ထိုးပေးရတာတော့ လွယ်ကူလှတဲ့အလုပ်တော့မဟုတ်ပါဘူး အခန့်မသင့်ရင် ကာကွယ်ဆေးမထိုးရသေးခင် ခွေးကိုက်ခံရနိုင်သည် ပထမစစချင်းနေ့မှာတင် ပင်ပန်းနေပီလို့ပဲဆိုရမဲ့ပုံပါပဲ သုံးယောက်တတွဲစီအုပ်စုခွဲပေးထားပေမဲ့ ကျတော်နဲ့အတူတာ၀န်ကျတဲ့စီနီယာနှယောက်က ရှေ့ကနေ ဘာဆေးအိတ်မှမသယ်ပဲ သက်သက်သာသာရေသာခိုနေတာကြောင့် ကျန်တဲ့ဆေးအိတ်တွေကို ကိုယ်တယောက်ထဲ မနိုင်မနင်းနဲ့သယ်နေရသည် စီနီယာတွေမို့လို့ ပညာပြချင်နေလားတော့ မပြောတတ်

" ဒေါက်တာ့ပုံက ကြည့်ရတာအချိုးမပြေဘူး "

လက်ထဲမှာဆွဲထားတဲ့ဆေးအိတ်ကို ရုတ်တရက်ဆွဲယူလိုက်တဲ့သူကြောင့် နှလုံးခုန်ရပ်မတန့်ပင်ဖြစ်သွားသည်...သူစိမ်းဆိုရင်အော်ဖို့လုပ်ထားပေမဲ့ ရင်းနှီးနေတဲ့မျက်နှာလေးကြောင့် နောက်တခါအံ့သြသွားရပြန်တယ် ဦးထုပ်အမဲဆောင်းပီး maskအမဲတပ်ထားပေမဲ့ မှေးစင်းနေတဲ့မျက်၀န်းလေးကြောင့် ဘယ်သူမှန်းပြောစရာမလိုအောင် သိပီးသားပင်

' ခင်ဗျား ဘယ်လိုလုပ်ပီး ဒီကို...'

" ကိုယ်က အချစ်သွားရာနောက်ကို အမြဲလိုက်နေမှာလို့ပြောထားတယ်လေ "

" သူများတွေ တွေ့ကုန်ပါအုံးမယ် ကျတော့်ကိုအိတ်ပြန်ပေး '

" ဒီလောက်လေးတဲ့ဆေးအိတ်တွေကို တယောက်ထဲသယ်နေရတာလား ကျန်တဲ့ကောင်တွေက လက်ပြက်နေကြလို့လား"

စိတ်မရှည်သလို အော်ပြောလိုက်တော့ သူ့လက်သေးသေးလေးတွေနဲ့ ကျတော့်ပါးစပ်ကိုအတင်းလာပိတ်တယ် တခြားသူတွေကိုကျ အားနာတတ်လိုက်တာ သူ့ဘေးမှာအမြဲကပ်တွယ်နေတဲ့ ဒီကကောင်ကိုကျ နည်းနည်းလေးမှဂရုမစိုက်...

HANARY(S1+S2) Where stories live. Discover now