Ep-29(Final)

20.1K 971 11
                                    

!ဒီလိုမင်းနဲ့ကိုယ်နဲ့ချစ်မှာ...!

သီချင်းသံဆုံးသွားသည်နှင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသောသားကိုလက်ထဲမှ ချရင်းသားဖွထားတဲ့ပစ္စည်းတွေသူရှင်းရသည် ။လိုချင်တဲ့သမီးမိန်းကလေးမဟုတ်သော်ငြား သူနှင့်တစ်ထေရာတည်းတူပြီးသူ့ချစ်ရသူလိုနှာခေါင်းထိပ်မှည့်ပါတဲ့သားက တကယ်ကိုသူနှင့်လက်ယာရဲ့သွေးသားလေး။

လက်ယာကအလုပ်အစည်းအဝေးကြောင့်စနေနေ့တောင်ကုမ္ပဏီသွားရတာမို့ သားကိုသူထိန်းရသည်။
သားကအခြားကလေးတွေလိုဂျီတိုက်တတ်တဲ့အပြင်
အိမ်ကလူကြီးတွေကပါအလိုလိုက်ထားသည်မို့ အတော်ဆိုးသည်။သူတို့wedding songကိုအတော်သဘောကျပုံရသည့်သားကအိပ်ခါနီးသီချင်းဖွင့်ပေးထားရင်အိပ်ပျော်သည်အထိ သဘောကျသည်။

နှာဖျားထိပ်ကမှည့်လေးကိုခပ်ဖွဖွနမ်းပြီး သားဘေးမှာထိုင်ကာအလုပ်စလုပ်ရသည် ။အခုဆိုအဖေကလည်း
ပြန်လာပြီမို့သူ့ကိုယ်ပိုင်ကုမ္ပဏီကို လူစားနဲ့သာအုပ်ချုပ်တော့သည် ။အိမ်မှာသားကိုထိန်းဖို့မိပုတို့ရှိပေမယ့်
သားကိုအခြားသူလက်ထဲမထားချင်ပါ။ သုံးနှစ်မပြည့်သေးတဲ့သားက လမ်းကိုတောင်သေချာလျှောက်တတ်နေပြီလေ။

အချိန်တွေတဖြည်းဖြည်းကုန်လာသလို လက်ယာနှင့်သူ့ရဲ့အချစ်တွေကပိုပြည့်စုံလာလေဖြစ်သည် ။သားအတွက်သီးသန့်ထားထားတဲ့ မုန့်ဖိုးတွေကိုကဒ်နှင့်ဖြစ်စေ ၊ငွေသားဖြစ်စေသားအတွက်သီးသန့်သိမ်းပေးထားသည် ။သားရက်တစ်ရာပြည့်တုန်းက ရထားတဲ့
အမွေစာချုပ်တွေကိုထိုင်ကြည့်ရင်း သက်ပြင်းချမိသည်။ သားကိုအရမ်းအလိုလိုက်လွန်းလို့ပျက်စီးသွားမှာ
သူကြောက်သည် ။သား​ဖေ​ဖေကလည်းအလုပ်တစ်ဖက်မို့ သူကသာသားနှင့်အနေအများဆုံးဖြစ်နေသည်။

ရက်တစ်ရာပြည့်မွေးနေ့တုန်းက ကိုနာဂစ်ဆီကသားအတွက်သိန်းတစ်ရာမုန့်ဖိုးရတဲ့အပြင် ဒယ်ဒီကသူ့မြေးအတွက်ကားတစ်စီးဝယ်ပေးသည် ။ထို့ပြင်အဖေကပါသူ့မြေးအတွက်ရှယ်ယာသုံးဆယ်ရာခိုင်နှုန်း​ပေးပြီး
ရသမျှဝင်ငွေတွေကိုသားမုန့်ဖိုးထဲ ထည့်စေသည်။ထို့ပြင်ခန့်မင်းမြတ်တို့ဂျိုးဇက်တို့ကပါသားကိုမုန့်ဖိုးကိုယ်ဆီ​ပေးကြတာမို့ ငယ်ငယ်လေးနဲ့သားကသူဋ္ဌေးလေးပင်ဖြစ်နေသည် ။

မောင့်လက်ယာ(မောင့်လက်ယာ){completed} Where stories live. Discover now