အပိုင်း ၁၃၆ (ညနောက်ကျမှပြန်လာခြင်း)

3.4K 437 9
                                    

[Zawgyi]


ယွမ်စီနျန်ရဲ့မျက်လုံးတွေက တောက်ပလာပြီး ပြောလိုက်တယ်

" ဒီနာမည် ကောင်းတယ်။ ဒါက ဘဲသားပေါင်းထက်ပိုပြီး တပ်မက်ဖွယ်ကောင်းတယ်။ အဲ့တာကို  ပင်လုံးကြိုင်ဘဲပေါင်းလို့ပဲ ခေါ်ကြရအောင်! ဒီနှစ် ဆောင်းဦးလယ် ပွဲတော်လောက်မှာ ဒီလူအိုကြီးက မိန်းကလေးယွီရဲ့လက်ရာကို ထပ်လာမြည်းဦးမယ် ကဲ အဲ့လိုပဲသတ်မှတ်လိုက်ပြီနော်"

ယွီရှောင်ချောင်းက ရယ်ရမလား ငိုရမလားကို မသိတော့
'ကျောင်းအုပ်ကြီးယွမ်, ရှင့်ကိုဘယ်သူက ကတိပေးလို့လဲ'

သူမက သူမကိုယ်သူမ စကားအရမ်းများတဲ့အတွက် အပြစ်တင်လိုက်ပြီး 'အကြွေး' ကျရောက်မှုနဲ့သာ အဆုံးသတ်သွားတယ်။

မောင်နှမသုံးယောက် ကျိန်ရှုံစားသောက်ဆိုင်က ထွက်လာတော့ နေက အနောက်ဘက်ကိုဝင်နေလေပြီ။ တတိယသခင်လေးကျိုးက အနည်းငယ်စိုးရိမ်ပြီး ပြောလိုက်တယ်
"တော်တော်တောင် နောက်ကျနေပြီ။ မင်းတို့ တုန်ရှန်းရွာကို ပြန်ဖို့ တောင်လမ်းကို ဖြတ်သွားရမှာမလား။ မြို့မှာ တစ်ညနေပြီး မနက်ဖြန်မှ ပြန်တာ ပိုကောင်းမယ်ထင်တယ်"

ယွီရှောင်ချောင်းက သူ့ကို အပြတ် ငြင်းဆိုလိုက်တယ်။ သူမရဲ့အဖေက ဒီည သူ့ကလေးတွေ အိမ်ပြန်လာတာကို မမြင်ရင် သူအရမ်း စိုးရိမ်သွားလိမ့်မယ်။ အရင်ခေတ်တွေမှာ အဆိုးဆုံး အရာတွေထဲက တစ်ခုက ဆက်သွယ်ရေး အဆင်မပြေတာဘဲ။ ဖုန်းသာရှိမယ်ဆိုရင် သူတို့ ဖုန်းခေါ်လိုက်ရုံနဲ့ အရာရာ အဆင်ပြေသွားလိမ့်မယ်။

သူမ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးတာကို မြင်တော့ ကျိုးကျီရွှီက မြင်းဇောင်းထဲမှ သူ့ရဲ့ချစ်လှစွာသော မြင်းလေးကို မြန်မြန်ခေါ်လာပြီး သူတို့ကို အိမ်ပြန်ပို့ဖို့ မရမက တောင်းဆိုလိုက်တယ်။ သူ့မျက်လုံးထဲမှာ မောင်နှမသုံးယောက်ထဲက အကြီးဆုံးကတောင် ၁၀ နှစ်မရှိသေးဘူး။ အကယ်၍ လမ်းမှာ မတော်တဆ ထိခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရင် ကလေးသုံးယောက်ကိုကူညီဖို့ ဘယ်သူမှမရှိလောက်ဘူးဆိုပြီး သူက စိုးရိမ်နေတယ်!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now