|121|

1.4K 262 0
                                    

[Unicode]

ကသောင်းကနင်းအခြေအနေများဟာ ယုတုန်လေးမသိရှိလိုက်ဘဲ၊ အဆုံးသတ်သွားပါတယ်။
သူသိတာက...အပြုံးတုကြီးနဲ့အန်ကယ် မရှိတော့ဘူး...မာမီကလည်း သူ့ကိုပိုအချိန်ပေးလာတယ်။
သဘောကျနှစ်ခြိုက်စရာ Happy Endingလေး!

အလုပ်တွေပြီးသွားတဲ့ယန်ထန်က၊ ယုတုန်ခေါင်းလေးကို ပွတ်သပ်ပေးနေပြီး
"တုန်တုန် အိမ်စာတွေပြီးသွားပြီလား?"

"ပြီးသွားပြီ! နေ့ခင်းကျရင်၊ မာမီက ကစားကွင်းလိုက်ပို့ပေးမယ်လို့ပြောထားတယ်!"
စိတ်လှုပ်ရှားနေတဲ့ယုတုန်ရဲ့ပါးလေးကို ယန်ထန်က ခပ်ဖွဖွဆွဲညှစ်တယ်။
ထို့နောက်မှာတော့၊ အိမ်စာစာအုပ်ကို စစ်ဆေးပေးနေပါတယ်။

အန်ဂျလာဟာ ယန်ထန့်ရုံးခန်းထဲဝင်လာခဲ့တယ်။
"ထန်! ကိစ္စတစ်ခုပေါ်လာလို့! အင်တာဗျူးအကြောင်းပြောထားတာ မှတ်မိသေးတယ်မလား?"

"မှတ်မိတယ်၊ ဘာဖြစ်လို့လဲ?"

"နေ့ခင်းချိန်းထားတာရှိတာကို မေ့သွားတယ်! တုန်တုန့်ကို ကစားကွင်းလိုက်ပို့ပေးမယ် ပြောထားတာ..."

"မာမီ! ကတိပေးထားတာကို မဖျက်နဲ့လေ! စကားလုံးတွေကို ပါးစပ်ထဲဝါးစားရင်၊ ဝလာမှာနော်! မာမီဝတုတ်ကြီး!!!"

စကားအဆုံးမှာတော့၊ ယန်ထန့်ဆီအကြည့်ပို့တယ်။
ဘလင်းဘလင်းထနေသော အားကိုးကြည့်လေးများ...

ယန်ထန့်နှုတ်ခမ်းသားတွေဟာ ကွေးတက်သွားကာ
"မင်းတို့နှစ်ယောက် ငါ့ကိုပေါင်းကြံနေတာမလား?"

"ထန့်ကိုပဲ အားကိုးလိုက်ပြီနော်! တုန်တုန်၊ အန်ကယ်ထန့်ကို နမ်းလိုက်ပါဦး။ လာ! မာမီတို့အခုသွားထားမှ၊ လက်မှတ်ရမှာ!"

ယန်ထန့်ပါးကို တစ်ချက်ပြေးနမ်းပြီးနောက်၊ သားအမိနှစ်ယောက် လျင်မြန်စွာပြေးထွက်သွားလေရဲ့။

"......"

နှစ်ယောက်ပေါင်းကြံတယ်ဆိုတာ သေချာသွားပြီ!

ခဏအကြာမှာပဲ၊ အတွင်းရေးမှူးက တံခါးလာခေါက်တယ်။ ယန်ထန်က ပြန်လည်တုံ့ပြန်ရင်း၊ အနောက်တိုင်းဝတ်စုံပြည့်ကို လဲလှယ်ဝတ်ဆင်နေတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now