part36/S-2🅣🅗🅔 🅔🅝🅓 (unicode )

5.2K 27 4
                                    

36(End)love+love
Author blackclock

Chapter 26

ညသည် နက်သည်ထက် နက်လာသည့်
နောက် ကြားနေရသော ခြေသံတို့ကို
ဦးညှို့နက် နားစွင့်လျှက် တွေးတော ဆင်
ခြင်နေမိသည်။

မြင်ခဲ့ရသော အဖြစ်ပျက်အတွက်
တွေးရသည်က တစ်မျိုး၊ မဖိတ်ခေါ်
ဘဲ လာလေသော သူတွေကြောင့်
တစ်မျိုး။

မုန်းသွေးလေးကို ပွေ့ဖက် အိပ်နေ
မိရင်း တွေးမိစဉ် နောက်ကျောဆီမှ တွေ့
ထိလာလေသော အရာ။ မမြင်လိုသော်
လည်း သိနေမိသည်။

မြွေဖြူမယ်။ လှည့်မကြည့်မိသော်လည်း
ပါးပြင်းထောင်ကာ ရန်မူလေတော့မည့်
အကောင်။ အလိုလိုသိနေသော စိတ်ဖြင့်
တွယ်တာမိသွားသော ကလေးငယ်ကြောင့်
ဆုံးဖြတ်ချက်က မခိုင်မာလှ။

ကမ္ဘာနှစ်ခု အကြား ပွင့်ခဲ့သော တံခါးက
အလိုလို ပိတ်သွားခဲ့ခြင်းမဟုတ်။ သူ ဖန်
တီးခဲ့၍သာ။

လာရာ ဋ္ဌာနေကို ပြန်ရတော့မည်
သိနေသော်လည်း ချစ်ရသူကို
မေဝးလိုသလို၊ ကြိုးဆွဲရာ မ က
ပြရသော သည်ကမ္ဘာဝယ် သူ ပျော်
သည်။

ဝတ္ထုတစ်ပုဒ်ထဲဝယ် နေရမည်ကို
မွန်းကြပ်မိသော်လည်း ။

မြင်နေရသော အမြင်အာရုံတွေက
မှောင်မိုက်သွားခဲ့လေပြီ။ တံခါးစောင့်
မြွေဖြူမ မျိုနေသည်ကို နာခံရင်း ချစ်ရ
သူ စောင့်နေမည်ကို တွေးမိရင်း အသက်မဲ့
ကိုယ်ခန္ဓာကို ချန်ရစ်ထားခဲ့မိတော့သည်။

အချိန်တစ်ခုရောက်လေမှ သူ မြင်
မိသည်က အမှောင်တစ်နေရာမှာ
ငုတ်တုပ်လေး ထိုင်နေလေသူ။
အသွေးမြတ်လျှံခြယ်။

"သွေး"
"ဟင် ဦး "

သူ့ကို မြင်သည်နှင့် ပွေ့ဖက်လာလေသူ။
အသွေးမြတ်လျှံခြယ်။

"ဦး သွေးကြောက်တယ်"
"ဦး ရှိပါတယ် ကြ လာ၊ အော် နေဦး
မေ့လို့ ဗီလိန်နှစ်ယောက်ကို စောင့်ကြဦးစို့"

" ဟွန် ဒါဆို"

ပြောနေဆဲမှာပင် ပေါ်လာသော မှိုင်းညို့။
ပြေးလာရှာကာ ပွေ့ဖက်လာသည်။ ထို့
နောက်မှ ဦးမြတ်သျှန်ထွန်း။

ထို့နောက်ဆုံးမှာတော့ မြွေဖြူမယ်။
နန်းမုံ။ နံဘေးရှိ မှိုင်းညို့ တအံ့တသြ
ဖြစ်နေရာက ရှေ့သို့ တိုးသွားလေသည့်
အခါ ။

"ဟေ့ကောင် "
"အော် ဟုတ်"

လက်ကို ဆွဲကာ လေးဦးသား မြွေဖြူမယ်ကို
ချန်လှပ်လို့ နေထိုင်ရာ အရပ်ဝန်းကျင်သို့
လှမ်းတက်ခဲ့မိတော့သည်။

မိစ္ဆာမြွေဆိုးရယ်၊ သူချစ်ရလေသော
ဇနီးသည်ကလေး ရယ်၊ သားဖြစ်သူ
ရယ်၊ ပြီးနောက် သူ့ကိုမှ အခါခါသတ်
ရေလေသာ ယောက္ခမကြီးရယ် ။

အနောက်တစ်ချက် လှည့်ကြည့်တော့
တံခါးဝက ဖြူစင်သော မြွေဖြူနတ်မယ်ကား
ကျောက်ရုပ်အသွင် ပြောင်းသွားခဲ့လေသည်။

ထိုမှသည် အရာရာဟာ နေသားတကျ
ပြန်လည် ဖြစ်တည်သွားခဲ့တော့သည်။
တစ်ခုသာ။ မူမမှန်သော အလောင်းလေးလောင်း
နှင့် ကလေးငယ်၏ မူမမှန် မှုခင်း ကြောင့်သာ
သည်အဖြစ်အပျက်အထူးအဆန်းတို့ကား
သံသယဖြစ်ဖွယ် ကျန်ရစ်ခဲ့ခြင်းသာတည့် ။

🅣🅗🅔 🅔🅝🅓

love+love
Author blackclock

5:38PM | 30-12-2021 - Thu>

Love + Love [Normal Fiction]Where stories live. Discover now