Chapter 57

3.2K 714 6
                                    


Chapter 57: ရုပ်ရှင်ဇာတ်လမ်း

"မသွားနဲ့ဦး မသွားနဲ့ဦး ... အီစတာဥလေးတွေရှိသေးတယ်"

"ငါထွက်သွားမိတော့မလို့ ... အီစတာကိုမကျော်သွားတာ ငါတော်တော်ကံကောင်းတာပဲ ... ဒီရုပ်ရှင်ကအဲ့လောက်မကောင်းပေမယ့်လည်း အဆုံးထိကြည့်ချင်သေးတယ်"

ပြဇာတ်ရုံ၌ အချို့တော်တော်များများ ထထွက်သွားကြကာ အီစတာဥတွေရှိမှန်း အချို့ကတွေ့တော့နေရာ၌ပြန်ထိုင်၍ ဆက်ကြည့်ကြသည်။

စုစုပေါင်း အီစတာဥနှစ်လုံးရှိကာ ပထမတစ်ခုက လူပြက်နဲ့ပတ်သတ်သည်ကို ဒါရိုက်တာကရှင်းပြထားတာဖြစ်ပြီး အခြားတစ်ခုက လဲ့လင်းအကြောင်းပဲဖြစ်သည်။

လူပြက်၏ပုံပန်းသဏ္ဍာန်ကို စုမင်စိတ်ထဲ၌ နက်ရှိုင်းစွာစွဲထင်‌ကျန်ခဲ့သည်။

အီစတာဥကာလအချိန်တွင်း ဒါရိုက်တာက မူလအစက မျက်လှည့်မှော်ဆရာ၏အပြင်ပန်းကို သာမန်ရုပ်သွင်ကဲ့သို့ ဝတ်ဆင်ရန်ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းလူပြက်က ပို၍စိတ်ဝင်စားဖွယ်ကောင်းပြီး စိတ်လှုံ့ဆော်ဖွယ်ဖြစ်သည်ကို သူခံစားခဲ့ရသည်။

တကယ်လို့ ဒီလိုမျိုးဖျော်ဖြေတင်ဆက်မှုမျိုးမှာ မှော်မျက်လှည့်ဆရာက သာမန်လူတစ်ယောက်ရဲ့မျက်နှာကို ပိုင်ဆိုင်ထားရင် ဒါက လှည့်စားမှုတစ်ခုသာလို့ ပရိသတ်ကထင်ကောင်းထင်ပြီး အလေးအနက်ထားမှာ မဟုတ်တော့ပေ။

ဤသည်မှာ မျက်လှည့်မှော်ဆရာအတွက် အသိအမှတ်ပြုခံရခြင်းမှရှောင်ရှားရန်လည်း နည်းလမ်း‌တစ်ခုဖြစ်သည်။

"ရွေးချယ်တာက ကျပန်းပါပဲ ... ပြီးတော့ ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိပါတယ်။ လဲ့လင်းဖျော်ဖြေပွဲကလိုနည်းနည်းလေးမဟုတ်ဘဲ မှော်ဆရာရဲ့လောဘကြောင့် ဒီတစ်ခေါက်ရှိုးပွဲက ပိုပြီးလူများတာပါ"

"လူပြက်ရဲ့တည်ရှိမှုကို ရွေးပိုင်ခွင့်ရှိတယ်။ ဒါတွေအားလုံးရဲ့နောက်ကွယ်က သရဲတစ္ဆေတွေအတွက် သူတို့က ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှုပြီး ပရိသတ်ရဲ့ခံစားချက်တွေကို မျက်မြင်ကြည့်ချင်ကြတာပါ ... ‌ဖျော်ဖြေပွဲပြီးတာနဲ့ သူ့အခန်းကဏ္ဍက ပြီးသွားတော့ သူဆက်ရှိနေဖို့မလိုတော့ဘူး"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now