Chapter - 86

6.7K 1.4K 161
                                    

ထိုစကားကြားတော့ ကျန့်ယောင်က သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေတယ်။

ရင်းချဲယ်က မျက်ခုံးတစ်ဖက်ပင့်ကာ
‘‘ဘာလဲ မလုပ်ရဲဘူးလား? အရင်တစ်ခေါက်ကတောင် တအားကိုက်ခဲ့ပြီးတော့”

အရင်အခေါက် စက်ရုံဟောင်းထဲတုန်းက သူသတိလစ်သွားတယ်ဆိုပေမယ့် နာတာကိုတော့ သိသေးတယ်။

Alphaရဲ့သွားတွေက အစွယ်ချွန်တွေ မဟုတ်သည့်တိုင် အတော်လေးနက်အောင်ကိုက်လိုက်တာမို့ သူ့ glandကိုတောင် ထိသွားပြီလားလို့ တွေးမိသေးတယ်။

‘‘မလုပ်ရဲလို့ မဟုတ်ပါဘူး၊ အမှန်က......အံ့သြသွားလို့”
ကျန့်ယောင်က တံတွေးကိုမြိုချတယ်၊ ထိန်းချုပ်နိုင်စွမ်းက ဂိတ်ဆုံးနေတာ သိသာနေတာတောင် ဆက်ပြော(မူ)တုန်းပဲ။
‘‘မင်းနာမှာစိုးလို့”

‘‘မနာအောင် အသာလေးလုပ်လို့ မရဘူးလား?”

‘‘မရဘူးလေ၊ အမှတ်အသား‌အောင်မြင်ဖို့က အသားထဲကို ဖောက်ရမှာ” 

ရင်းချဲယ်က တွေးကြည့်ပြီး သဘောပေါက်သွားမှ တောင်းဆိုဖို့အရေး လက်လျော့လိုက်တယ်။
‘‘ကြိုက်သလိုသာလုပ်လိုက်တော့”

သူ့ပုံစံက မကြောက်မရွံ့ မထုံတတ်သေးနဲ့။

ကျန့်ယောင်က ခနလောက်ငြိမ်နေတယ်။ ပြီးမှ သူ့ရဲ့မျက်နှာကို တယုတယထိကိုင်ပြီး အဲ့ကနေ လည်ပင်းဆီ တဖြည်းဖြည်းလျှောဆင်းသွားကာ glandကို ထိတယ်။

အင်္ကျီကို ထပ်ဆွဲချလိုက်တဲ့ ရင်းချဲယ်ကြောင့် ညှပ်ရိုးတစ်ပိုင်းလုံးပေါ်လာရော။

‘‘....မင်း တမင်သက်သက် ငါ့ကိုလာမြူဆွယ်နေတာ”

‘‘မင်းကိုက်လို့လွယ်အောင် လုပ်ပေးတာလေ”

‘‘ဘာလို့ အမှတ်သားပေးစေချင်တာလဲ?”
မျက်၀န်းတွေ ရီဝေမှောင်မည်းနေတဲ့ ကျန့်ယောင်က နားရွက်တွေတော့ အနည်းငယ် ရဲနေလေရဲ့။
‘‘အရင်တစ်ခေါက် ကိုက်တုန်းကတော့ pheromoneတွေ မရှိသေးလို့ တကယ့်အမှတ်အသားမဖြစ်ဘူး၊ ဒါပေမယ့် အခုကိုက်လိုက်ရင်တော့ တကယ်ဖြစ်သွားမှာနော်၊ အဲ့ဒီအချိန်အတောအတွင်း တခြားဘယ် alphaကမှ မင်းအပေါ် သက်ရောက်နိုင်မှာမဟုတ်သလို......မင်းကလည်း ငါ့အပိုင်ဖြစ်သွားလိမ့်မယ် အဲ့ဒါကိုသိရဲ့လား?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now