အပိုင်း ၃၆

2.7K 109 0
                                    

(unicode)

စွယ်သော်လင်းနာရီကိုကြည့်လျက် တစ်စုံတစ် ယောက်အလာကို စောင့်နေသည်။ အချိန်သည် ကား ၁၁ နာရီကျော်နေလေပြီး။ လူကြီးအား ကားပါကင်အထိလိုက်ပို့ခဲ့ပြီး ယခု၌ အခန်းတွင်းဆိုဖာထက်မလှုပ်မရပ်ထိုင်နေသည်မှာလည်း နာရီဝက်ကျော်နေချေပြီး။

အခန်းတံခါးကိုလည်း အသာစေ့ထားသည်။ အထုတ်အပိုးအချို့ကိုလည်း ပြင်ဆင်ထား၏။ ပြင်ဆင်ထားသောအိတ်တို့မှာ များများစားစားမဟုတ်ဘဲ  လက်ဆွဲအဝတ်အိတ်အလတ်စားတစ်လုံးနှင့် ကျောပိုးအိတ်ဖြူဖြူတစ်လုံးသာ။

ဦးမင်းထွဋ်ခေါင် အလုပ်နှင့်သက်ဆိုင်သောဖိုင်တချို့ယူရန် ဒေါင်းမာန်တိုက်ခန်းသို့ ထွက်လာခဲ့သည်။ ဒေါင်းမာန်အခန်း ဘေးကပ်ရက်မှာ စွာလန်လေး၏အခန်းဖြစ်၍ စွာလန်လေးအတွက် ကိတ်ပိုင်းများလည်း လမ်းကြုံဝယ်ခဲ့လိုက်သည်။

ဒေါ်ပပသိင်္ဂီမှာ အသက်လေးဆယ်ကျော်ငါးဆယ်နားရှိပြီးသော အမျိုးသမီးတစ်ယောက်နှင့်ပင်
မတူစွာ ကျော့ရှင်းဖြတ်လတ်နေဆဲ။ ခြေလှမ်းတို့သည်လည်း မကျယ်မကျဥ်းလှမ်းလျက် ကုန်းခြင်း၊ ကိုင်ခြင်းအလျင်မရှိစွာဖြင့် အခန်းနံပါတ် ၅၂၈ သို့ တည့်တည့်မတ်မတ် လျှောက်လာနေ
ပေသည်။ မျက်နှာသည်လည်း မပြုံးမတည်စွာ
ရှိနေ၏။

အခန်းနံပါတ် ၅၂၈ ရှေ့ရောက်လျှင် တံခါးခေါက်ရန် လက်ကို အသာမြှောက်လိုက်သော်လည်း ​စေ့ရုံစေ့ထားသောတံခါးကြောင့် အသာဖွင့်၍ ဝင်ခဲ့လိုက်သည်။ ခြေလှမ်းခြောက်လှမ်းခန့် လှမ်းလိုက်ပြီးသည်နှင့် ဆိုဖာထက်ထိုင်နေသော သားဖြစ်သူကို အခန့်သားတွေ့လိုက်ရ၏။

" ဘာလို့လဲ စွယ်သော်လင်း၊ အလုပ်တွေ ဘယ်ချိန် စလေ့လာတော့မလဲ "

" ဘာလို့ အတိကျပြောနိုင်တာလဲ "

" သော်လင်း သား... မင်းအလုပ်လေ့လာတာနဲ့ အမွေဖြတ်ခြင်းကို ချက်ချင်းပြန်ဖျက်ပေးမယ်၊ လေ့လာရုံနဲ့ မပင်ပန်းသွားပါဘူး၊ သုံးစရာငွေ
မရှိရင်ဘဲ စိတ်ပိုပင်ပန်းရမှာမလား "

သတိပေးခြင်းမည်သော ခြိမ်းခြောက်စကားကြောင့် စွယ်သော်လင်း မျက်နှာကိုတည်ငြိမ်ဟန်ပြုထားရသော်လည်း စိတ်ထဲအားငယ်လာမိသည်။ အလုပ် မလေ့လာချင်ခြင်းထက် ပထွေးငယ်ငယ်နှင့် မတွေ့ချင်၍ဆို ပိုမှန်ပေသည်။ သားဖြစ်သူဘက် မတွေးပေးသော ဖြစ်ချင်သည်ကိုသာတွေးသော မိခင်ဖြစ်သူကိုလည်း စွယ်သော်လင်းအံ့သြရသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now