Chapter 39

29.4K 4.1K 395
                                    

Unicode

အာကီနာတောင်တက်လမ်း ပြန်ဖွင့်ပြီ
__________________________________

ကျန်းမော့ချန် ညဆယ်နာရီထိ ရုပ်ရှင်ရိုက်ရကာ ယန်းချင်းချီကလည်း ဆယ်နာရီအထိ ဘေးတွင်ထိုင်စောင့်နေခဲ့သည်။ သူ လုံ့လဝီရိယအပြည့်ဖြင့် ရိုက်နေတာကိုတွေ့တော့ ဒါရိုက်တာကလည်း သူထပ်ရိုက်ရမည့်အခန်းများကို နောက်ရက်သို့ရွှေ့ပေးကာ အခန်းကိုပြန်၍ အနားယူစေသည်။ ကျန်းမော့ချန် သူ့စေတနာကိုအသိအမှတ်ပြုလိုက်ကာ လက်ထောက်များနှင့်အတူ ရိုက်ကွင်းကနေ ပြန်သွားခဲ့သည်။ မပြန်ခင် ယန်းချင်းချီကိုလည်း အတူခေါ်သွားဖို့ မမေ့ခဲ့ပေ။

အားလုံးက ယန်းချင်းချီ ကျန်းမော့ချန်နှင့်အတူ ထွက်သွားတာကို မသိမသာကြည့်နေကြသည်။ သူတို့ အတင်းမတုတ်ပဲမနေနိုင်ခဲ့။

''ဒီကောင်လေးကတော့ ကျိန်းသေပေါက်ကို နာမည်ကြီးတော့မှာ သူက တကယ့်ကို မိုးကျရွှေကိုယ်ပဲ ''

ကျန်းမော့ချန် ယန်းချင်းချီ၏လက်ထောက်ကို ဟိုတယ်သို့ အရင်ပြန်ပို့စေသည်။ နောက်တော့ ဝမ်ရှန့်ဟိုင်ကို သူနှင့်ယန်းချင်းချီအတွက် နောက်ဟိုတယ်တစ်ခုကို မောင်းပို့ခိုင်းသည်။ ကျိန်းသေပေါက် ကျန်းမော့ချန်၏ နောက်ထပ် လက်ထောက်တစ်ယောက်ဖြစ်သည့် လျို့အိုက်လည်း ကားပေါ်မှာ အတူလိုက်ပါလာခဲ့တာပေါ့။

''ဘာတွေဖြစ်နေတာလဲ? ''

''ရောက်မှပြောမယ် ''

ကျန်းမော့ချန် အခု သူ့ကို ရှင်းပြဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို သိလိုက်တာကြောင့် ယန်းချင်းချီ ဆက်မေးမနေတော့ပေ။ သူ လိုင်းပေါ်တက်ကာ Weiboကိုဖွင့်လိုက်သည်။ သို့သော် မမျှော်လင့်ထားသည့် Hot Search ကြီးကို သူ မြင်လိုက်ရတဲ့အချိန်မှာတော့ ဖုန်းလွတ်ကျလုမတတ် လန့်သွားခဲ့ရသည်။

ရှာဖွေမှုအများဆုံး နံပါတ်တစ်နေရာမှာ___
[ ကျန်းမော့ချန် ယန်းချင်းချီ ]

သူ မအူမလည်ရုပ်လေးဖြင့် ခေါင်းစဥ်ကိုနှိပ်လိုက်သည်။ အခြေအနေအားလုံးကို နားလည်နိုင်ဖို့ အချိန်တစ်ခုလောက် ယူလိုက်ရလေသည်။ သူနှင့် ကျန်းမော့ချန် Anti-fan၏ အဆောက်အအုံထဲရှိနေစဥ် ရိုက်ကွင်းထဲ တိတ်တိတ်လေးခိုးဝင်လာသည့် Fanတစ်ယောက်မှာ ကျန်းမော့ချန် ပန်းအိုးနှင့်မိတ်ဆက်တော့မည့် မတော်တဆမှုကို Weiboပေါ် videoနှင့်တကွတင်လိုက်သည်။ ထပ်ပြီး သူမက << လမ်းမှားခြင်း >> ရိုက်ကွင်းနှင့် နန်ချန် ကုမ္ပဏီ၏ တရားဝင် Page များကို mention ခေါ်ကာ အခုကိစ္စအတွက် ခိုင်လုံသည့် ဖြေရှင်းမှုကိုပေးရန်တောင်းဆိုထားသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now