Ep-28(Uni/Zg)

74.5K 4.9K 371
                                    

ချမ်းအေးနေပေမဲ့ ညက ကျတော့်ကို တညလုံး သူ့ရင်ခွင်ထဲထည့်ဖက်ထားလို့ထင်တယ်...နွေးထွေးတဲ့အငွေ့အသက်လေးက ပျံ့လွှင့်ဆဲပင်..မနက်အစောကြီး ထပြန်ပါ့မယ်ဆိုတဲ့ ဆရာသမားက အိမ်မက်ထဲမှာပဲ ထပြန်နေသလားတော့မသိ အပြင်မှာတော့အိပ်မောကျလျှက်ပင်...
နှိုးချင်ပေမဲ့ နှစ်ခြိုက်စွာ အိပ်မောကျနေတာကြောင့် မနှိုးရက်ပြန်...ဒီတိုင်းလေး မနှိုးပဲ အိပ်ယာထဖို့ကလဲ ကျတော့်ကိုတင်းကျပ်စွာဖက်ထားတာကြောင့် သူ့ခန္ဓာကိုယ်ကြီးကနေ ရုန်းမထွက်နိုင်

အိပ်ပျော်နေရင် သဘာ၀အတိုင်း ဖြောင့်ပီးစင်းကျနေတဲ့ ထိုလူရဲ့ မျက်တောင်ရှည်လေးတွေက တခါလေးတောင်ကြည့်ရ မရိုးသွားခဲ့ပါဘူး ကြမ်းတမ်းတယ်လို့ထင်ရပေမဲ့ ထိုလူက ကျတော့်အပေါ်မှာတော့ နူးညံ့တဲ့လူတယောက်ပါပဲ....တခါတလေမှာလဲ ကျတော့်ရဲ့စိတ်ကိုနားမလည်နိုင်ဘူး သူကကျတော့်နှလုံးသားထဲ တိုး၀င်လာလေ ကျတော်ကတွန်းထုတ်လေလေများဖြစ်နေသလား...တခါမှ သူ့မျက်နှာကို သေချာမထိဖူးတာမို့ ထိုလူမျက်နှာရဲ့ အချိုးအစားအသေးစိတ်ကို ကျတော့်လက်နဲ့ ပထမဆုံးအကြိမ် ထိတွေ့ကြည့်လိုက်တယ်...မျက်ခွံမှေးမှေးလေးကနေတဆင့် မထူမပါး နှုတ်ခမ်းဖျားလေးဆီသို့....

" ကိုယ့်ကို ဘယ်အချိန်ထိ ဒီလိုပဲခိုးကြည့်နေမှာလဲ "

" အာ ခင်ဗျား"

ရုတ်တရက် သူ့ရှေ့မှာ သူခိုးလူမိလိုဖြစ်သွားတာကြောင့် ဘာလုပ်ရမှန်းမသိအောင်ခေါင်းထဲ ရှုပ်ထွေးသွားတယ် ဒီလိုပုံစံမျိုးနဲ့ အမြဲသူ့ရှေ့မှာပဲ ကျရှုံးနေရတယ်...မသိအောင် ခိုးကြည့်ပါတယ်ဆိုမှ...
ဘာလုပ်ရမှန်းမသိဖြစ်သွားတာကြောင့် သူနဲ့အကြည့်ချင်းလွှဲလိုက်ပီး သူ့နှုတ်ခမ်းပေါ်ကျရောက်နေတဲ့ ကျတော့်ရဲ့လက်ကိုအမြန်ပြန်ဖယ်လိုက်တယ် ဒါပေမဲ့ကျတော့်ထက် ပိုလျှင်မြန်တဲ့သူ့ရဲ့လက်က ကျတော့်ရဲ့လက်ကို လှမ်းဆွဲလိုက်ပီး စူးစူးနစ်နစ်နစ် နမ်းရှုံ့လိုက်တာကြောင့် လက်ဖျားများပင် အေးစက်သွားရပြန်တယ်

' ပြောတော့ မနက်အစောကြီးပြန်မှာဆို? အခုတော့ မိုးတောင်လင်းနေပီ "

HANARY(S1+S2) Where stories live. Discover now