အပိုင်း ၁၄

674 83 15
                                    

Unicode

ထပ်မံရောက်ရှိလာသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များစွာကြောင့် မျောက်လူဟာ သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်လာလေသည် ။

ကာတာရှီ  စပွိုင်းများဖြင့် တိုက်ခိုက်ရင်း တိုက်ခိုက်မှုအား ဘေးဘက်သို့  ရှောင်တိမ်းရာ ညာဘက်အခြမ်းပေနှစ်ဆယ်ခန့်အကွာထိ ရွေ့သွားတာကို တွေ့လိုက်ရသည် ။

အနီရောင်အလင်းတခု တောက်ပလာပြီး လူတကိုယ်လုံး ပေါ့ပါးနေသလို ခံစားရပြီး ခြေထောက်များက  အရမ်းကိုသွက်လက်နေသလို ခံစားရသည် ။

ရိုစလီနဲ့ ဂန်မင်ဟွန်း  နှစ်ယောက် အတူတိုက်ခိုက်နေရာ  ရိုစလီကိုယ်ထဲမှ အဝါရောင်အလင်းတခု တောက်ပသွားပြီး  သူမ ကိုင်ထားသော စပွိုင်းကောင်ကို ဂုတ်ကနေမြှောက်က လွှတ်ပစ်လိုက်မိသည် ။ သေချာတာတခုက သူမ အားအရမ်းမသုံးထားပေ ။

စပွိုင်းသုံးကောင်က ဂန်မင်ဟွန်းအား လက်နက်ဖြင့် ရိုက်ချမည့်အချိန်တွင် ဂန်မင်ဟွန်း လန့်သွားပြီး  နောက်ကို ခုန်၍တိမ်းရှောင်လိုက်တဲ့အခါ   ဂန်မင်ဟွန်းကိုယ်ထဲမှ  အနက်ရောင်အလင်းတောက်ပလာပြီး  သာမန်မျှ ခုန်လိုက်တ​ဲ့အားက အနောက်ဘက်ကို ပေအနည်းငယ်အထိ ကွာဝေးသွားသည် ။

ဂန်မင်ဟွန်း သူ့ခြေထောက်တွေရဲ့တုံ့ပြန်မှုကို ကြည့်ပြီး  အနည်းငယ် အံ့အားသင့်သွားသည် ။

ပိုင်ဝေ့ရှင်း တိုက်ခိုက်နေရာမှ  မျက်စိရှေ့ရှိ လူသုံးယောက်၏ ပြောင်းလဲမှုများအား သတိထားစောင့်ကြည့်နေသဖြင့် ထိုကိစ္စများကို  မြင်တွေ့သွားသည် ။

" ဖြူလုံး  ... သုံးယောက်တော့အစွမ်းရသွားပြီ..  ဟိုကောင်လေးကရော ဘာအစွမ်းရမှာလဲ.. ငါကရော ဘာအစွမ်းရမှာလဲ.. "

" hostကလဲ လာမှာပေါ့ဖြေးဖြေးပေါ့... ခဏလောက်စောင့်လိုက်ပါ..."

"......"

ပိုင်ဝေ့ရှင်း ထိုကောင်လေးအား သတိထားပြီး ကြည့်ရာ ကောင်လေးရဲ့လက်အသားအရည်မှာ အ​ြပာရောင်တောက်သွားတာကို တွေ့လိုက်ရသည် ။

ယုကီအီ  မိမိလက်နှစ်ဖက်ဖြင့် တိုက်ခိုက်မှုများကိုခုခံနေပေမဲ့ နာကျင်မှုမခံစားရတာကိုသတိထားမိလာသည်။  တချက်ပြီးတချက် အရိုက်ခံနေရပေမဲ့ အသားနာခြင်းမရှိပေ ။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now