အပိုင်း (၄၄) ဆေးလုံးများကိုရောင်းဝယ်ခြင်း

1K 247 19
                                    

((Zawgyi))

အပိုင်း (၄၄)
ဆေးလုံးများကိုရောင်းဝယ်ခြင်း

💊💊💊

ကြိုးဝိုင်းစင်မြင့်ထက်ဝယ် ထိုးချက်၊ ကန်ချက်များဖြင့် အပြန်အလှန် တိုက်ခိုက်နေကြ သည်။ သိုင်းပညာရှင်နှစ်ဦး၏ ပုံရိပ်များက အချင်းချင်း ရောနှောကာ လုံးထွေးသတ်ပုတ်နေကြသည်။ ထိုမှထွက်ပေါ်လာသော ပြင်းရှသည့် သွေးညှီနံ့က လူအများ၏ နှာဖျားဝသို့ တိုးဝှေ့ဝင်ရောက်လာသည်။ တိုက်ခိုက်နေသူနှစ်ဦးမှာ ဒဏ်ရာများ အသီးသီး ရရှိထားကြ သည်။ -- မဟုတ်သေးဘူး။ သူတို့က ဒဏ်ရာရရုံတင်မဟုတ်။ သူတို့ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာဗလာပွနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြပြီဖြစ်သည်။

သိပ်မကြာခင် သူတို့ဆီက ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူတို့ထဲက တစ်ယောက်သည် ခန္ဓာကိုယ်ကို ထူးဆန်းစွာ တွန့်လိမ့်လိုက်ကာ လက်ဝါးများထဲမှ အေးစက်သည့် အလင်းတန်းတစ်ခု ပွင့်အံထွက်လာသည်။ ထိုအခါ နောက်လူတစ်ယောက်က မျက်လုံးများကို မှိတ်လိုက်ကာ သူ့ခန္ဓာကိုယ်က ​လေပေါ်သို့ ခုန်တက်သွားသည်။ ထို့နောက် သူက ပြန်လှည့်လာကာ ခြေထောက်နှင့်ဖြတ်ကန်လိုက်ပြီး ပထမပြိုင်ဖက်၏ လည်ပင်းကို ချိုးပစ်လိုက်သည်!

ထိုထူးဆန်းသော ခန္ဓာကိုယ်သိုင်းကွက်နှင့် သိုင်းပညာရှင်က သေဆုံးသွားသည်။ ထို့်နောက်တွင် ရုတ်တရတ် ​လေပေါ်သို့ ခုန်ရှောင်လိုက်သည့် သိုင်းပညာရှင်သည် ခန္ဓာကိုယ် အနည်းငယ် ယိမ်းထိုးသွားပြီးနောက် စင်မြင့်ပေါ်မှ ဖြည်းညင်းစွာ ပြန်ဆင်းလာသည်။

ကုကျိုးတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ကျန်တာအားလုံးကို လျစ်လျူရှုလိုက်ကာ ရှေ့သို့ ချက်ချင်းပြေးထွက်သွားသည်။

ကုန်းရိထျန်းဟန်သည် ကုကျိုး ကိုယ်ပေါ်သို့ တန်းကာ ပစ်လဲကျသွားသည်။ အကယ်၍ ကုကျိုးသာ စိတ်ဝိညာဉ်ကျင့်ကြံရေးနည်းလမ်းကို မကျင့်ကြံထားပါက ထိုလဲကျသည့် အားကြောင့် သူတို့နှစ်ဦးစလုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားမှာ သေချာသည်။

ကုကျိုးသည် စကားအပိုတွေ ပြောမနေဘဲ လက်တစ်ဖက်က နွေဦးသစ်လွင်ဆေးလုံးကို ထုတ်ယူလိုက်ကာ သူ့ထောက်ပံ့သူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့​နောက် သူက အသက်မရှုစတမ်း ထောက်ပံ့သူ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now