77

7.8K 1.5K 161
                                    

Unicode

“ရပ်လိုက်စမ်း..!”

အိမ်ပေါက်ဝမှာဖြစ်နေတဲ့ ရန်ပွဲက အိမ်တော်ထဲကလူတွေကို သတိပေးလိုက်သလိုပဲ။ အိမ်တော်ထိန်းက သူ့နောက်လိုက်တွေကို ခေါ်ဆောင်ပြီး အိမ်တံခါးဝကို ထွက်လာခဲ့တဘ်။ အပြင်ဘက်က မြင်ကွင်းကို မြင်လိုက်တာနဲ့ အိမ်တော်ထိန်းလည်း ချက်ချင်း လှမ်းတားလိုက်တယ်။

“ဘာတွေဖြစ်နေတာလဲ..?”

အိမ်တော်ထိန်းက ရင်းဆုယဲ့ကိုမမြင်ဘဲ တံခါးစောင့်တွေကို ဆူငေါက်လိုက်တယ်။ ထို့နောက် တံခါးစောင့်တွေက ရင်းဆုယဲ့အရှေ့မှာ ဒူးထောက်နေမှန်း သတိထားမိသွားပြီး မျက်နှာမည်းမှောင်သွားတော့တယ်။ ဒီအိမ်တော်မှာ ရင်းဆုယဲ့ရဲ့ အဆင့်အတန်းအရ ဒီ​ကောင်လေးကို မျက်နှာလိုမျက်နှာရလုပ်စရာ အကြောင်းမှမရှိတာ။

ဒီခွေးကောင်တွေက ငါ့ကိုမျက်နှာပျက်အောင် လုပ်နေတာပဲ..!

အစောင့်တွေလည်း အိမ်တော်ထိန်းကို ပြောပြချင်ပေမယ့် ရင်းဆုယဲ့ရဲ့ ဖိအားအောက်မှာ အသက်တောင် မနည်းလုရှူနေခဲ့ရတယ်။ အဲ့တာကြောင့် ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး တုန်ယင်နေရုံသာ တတ်နိုင်ခဲ့တယ်။

“မင်းဘာလုပ်လိုက်တာလဲ..?”

ထိုအခြင်းအရာကိုမြင်တော့ အိမ်တော်ထိန်းလည်း တစ်ခုခုမှားယွင်နေကြောင်း သတိထားမိသွားပြီး ရင်းဆုယဲ့ကို ဟိန်းဟောက်လိုက်တယ်။ အိမ်တော်ကြီးမှာ အမှုထမ်းနေရတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်သူ့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သူ ကောင်းကောင်းနားလည်ထားပြီးသား။

ရင်းဆုယဲ့လို အပယ်ခံသခင်လေးကို ကြိုက်သလို နင်းခြေပစ်လိုက်လို့ရတယ်။ အောက်ကျသွားတဲ့ ခဲလုံးက လွှင့်ပစ်ခံရမှာပဲ။ ရင်းဆုယဲ့ကို အနိုင်ကျင့်တိုင်း ဆုလာဘ်ရတာမျိုးတော့ မဟုတ်ပေမယ့် သူ့ရဲ့အပြုအမူက ရင်းဆုယဲ့အပေါ် မုန်းတီးနေတဲ့ ရင်းသခင်ကြီးကို ကျေနပ်အားရစေတယ်။

လူဆိုတာ ကိုယ့်အတွက် အကျိုးရှိအောင် နေတတ်ရမှာပေါ့..!

ကံမကောင်းချင်တော့ ရင်းဆုယဲ့က အိမ်တော်ကနေ ထွက်သွားခဲ့တာကြောင့် အဲ့ကောင်လေးကိုချနင်းပြီး သူ့ရဲ့သစ္စာရှိမှုတွေကို ဖော်ပြလို့မရနိုင်ခဲ့ဘူး။ အခုတော့ ရင်းဆုယဲ့ ပြန်ရောက်လာခဲ့ပြီ။ အိမ်တော်ထိန်းရဲ့ စိတ်ထဲမှာ ပေသီးတွက်သံတွေတောင် ‘ဒက် ဒက်’ ဆိုပြီး ထွက်ပေါ်လာခဲ့ပြီ။ သခင်ကြီးဆီကနေ ဆုလာဘ်တွေရအောင် ဘယ်လိုမျိုးလုပ်ဆောင်သင့်လဲ..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now