Chapter 40

31K 3.6K 332
                                    

Unicode

ယွမ်မင်ရွှိ ပြန်လာပြီ
__________________________________

ပျော်ရွှင်ကျေနပ်နေသော မျက်နှာလေးဖြင့် ရေချိုးခန်းထဲဝင်သွားသော အခြားယောကျ်ားကို ကျန်းမော့ချန် ငေးကြည့်နေလိုက်ပြီး သူကိုယ်တိုင်တောင် သတိမထားမိပဲ ခေါင်းလေးစောင်းကာ ရယ်မိလိုက်သည်။ သူ ယန်ချင်းချီ၏ တမူထူးခြားသည့် အမူအကျင့်လေးများကို ရှာတွေ့သွားပြီဖြစ်သည်။ ထိုကောင်လေးမှာ ရင့်ကျက်ပြီး ဆင်ခြင်တုံတရားရှိသော်ငြား တခါတရံတွင် ခပ်တုံးတုံးခပ်အအ ပုံစံလေးဖြင့် ချစ်မြတ်နိုးစရာကောင်းပြန်သည်။ ယန်းချင်းချီမှာ အခြားအရာတွေကို ထူးမခြားနားဆက်ဆံတတ်သော်ငြား အတွင်းဘက်တွင်တော့ သူ့ပိုင်နက်နှင့် သူ့မာနကိုအထိခိုက်မခံတတ်သည့် မျက်လုံးမှေးရင်း အပျင်းတစ်နေသော ကြောင်ဝါကြီးလိုပင်။

ယန်းချင်းချီ ရေကိုခပ်မြန်မြန်ချိုးလိုက်ကာ အိပ်ယာပေါ်ပြန်တက်လာခဲ့သည်။ ကျန်းမော့ချန်မှာ ယန်းချင်းချီပြီးမှ ရေဝင်ချိုးကာ ရေချိုးခန်းထဲကနေ ထွက်လာတော့ မီးတွေလိုက်ပိတ်ပြီး စောင်ထဲဝင်လိုက်သည်။

ယန်းချင်းချီမှာ ကျန်းမော့ချန်ကို ကျောပေးအိပ်တတ်သည့် အကျင့်ရှိသည်။ ကျန်းမော့ချန်မှာ ထိုကောင်လေး၏ ဆံပင်စုတ်ဖွားလေးကိုကြည့်နေလိုက်ကာ အလိုက်တသိဖြင့် ခါးပေါ် လက်တင်လိုက်သည်။ သူ ရှားရှားပါးပါး ဖျစ်ညှစ်ထုတ်ထားရသည့် ဂရုစိုက်မှုလေးနှင့်အတူ လေးနက်စွာမေးလာခဲ့သည်။

''မင်း ခါးတွေ နာနေလား ''

ယန်ချင်းချီမှာ ထိုလူ၏ ရုတ်တရက်ကြီး နူးညံ့ကြင်နာလာသည့် အမူအရာနှင့် အသားမကျသေးတာကြောင့်

''ခင်ဗျား ဘာဖြစ်နေတာလဲ ''

''ကိုယ် မင်းကို စိတ်ပူကြောင်းပြတာလေ ''

''တစ်စုံတစ်ယောက်က အကြောင်းရင်း ရေရေရာရာမရှိပဲ ဂရုစိုက်လာရင် မကောင်းတော့ဘူး ''

''တဆိတ်လောက် ကိုယ်က မင်းအမြင်မှာ အစကတည်းက မကောင်းပြီးသားပါနော် ''

''ခင်ဗျားရဲ့ အလိုရမ္မက်တွေ ထကြွသောင်းကျန်းလာရင် ဘယ်လိုလုပ်မလဲ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now