Extra For Black & YarThetPan

5.6K 155 8
                                    

❤️Extra part (Black+ရာသက်ပန်)❤️

"ကျွန်တော် ပြန်မလာဖြစ်သေးဘူး သခင်လေး "

"ဘာလို့လဲ သက်က မင်းနောက်ပြန်မလိုက်ဘူးလား "

"အန်တီက သက်ဒီကိုမလာဘူးတဲ့ "

"သေချာလား "

"ကျွန်တော်မယုံဘူး သခင်လေး သက်ကတစ်ဦးတည်းသောကျန်ရှိတဲ့အ‌မေကို ပစ်မသွားဘူးဆိုတာ ယုံကြည်တယ် သက်သေချာပေါက် ဒီနိုင်ငံမှာပဲ ရှိမှာ အရင်က မတွေ့ခဲ့ပေမဲ့ အခုတော့ ဒီမှာပဲရှိမယ်လို့ထင်နေမိတယ်"

"ကိုကြီး အဆင်ပြေတဲ့အချိန်မှ ပြန်လာခဲ့နော် အလုပ်အတွက်စိတ်မပူနဲ့ ဦးရှိနေတာပဲ"

"ဟုတ်တယ် Black စိတ်မပူနဲ့ မင်းသာပြန်လာရင် အန်တီ့ကိုရော သက်ကိုရော ခေါ်လာခဲ့"

"ဟုတ်ကဲ့ "

Black သခင်လေးတို့နဲ့ဖုန်းပြောပြီးမှာ သက်အကြောင်းခေါင်းထဲရောက်လာသည်။ အခုချိန်သက်ဘာတွေများလုပ်နေမလဲ? အဆင်ပြေနေရဲ့လား?

ကိုယ်ကတော့ အဆင်မပြေဘူးသက် ဘာမှမပြောဘဲ အဝေးကို ထွက်သွားတဲ့သက်ကို ကိုယ်စိတ်ဆိုးလိုက်ချင်ပေမဲ့ အခုထိ သက်ကိုမရှာနိုင်သေးဘူး...ဒါပေမဲ့ သေချာတယ် သက်ဒီနိုင်ငံရဲ့တစ်နေရာရာမှာ ရှိနေမယ်ဆိုတာ။

"မနက်ဖြန် အန်တီ့ဆီထပ်သွားရမယ် အန်တီက သေချာပေါက်တော့ သက်နဲ့အဆက်အသွယ်ရှိနေမှာ"

သို့သော် အန်တီဆီက ဘာမှမသိခဲ့ရပေ။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"တီ...တောင် "

ဘဲလ်တီးသံကြောင့် သက် အမေစားဖို့ချက်နေရာမှ ကပျာကလျာထွက်လာကာ ကြည့်လိုက်တော့ ဦးBlackဖြစ်နေခြင်းကြောင့် သက်မျက်နှာပျက်သွားရသည်။

(၇)ရက်ဆက်တိုက်ပုံမှန်လာပြီးနောက် ထပ်မလာတော့သည်မလို့ ဦးBlackလက်‌လျော့ပြီး ပြန်သွားခဲ့ပြီထင်နေပေမဲ့ အခုတော့ ထပ်လာပြန်ပြီ။

"ဘယ်သူလာတာလဲ သက် "

"ရှင်..ဟို "

သက်မျက်နှာညိုးကျသွားရင်း အမေ့ကို ဘာပြောရမယ်မှန်းမသိ၍ စဉ်းစားနေချိန်မှာ ဘဲလ်တီးသံနောက်တစ်ချက်ထွက်ပေါ်လာသည်။

🎉 You've finished reading ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန္းခြင့္ရခ်င္တယ္...[Completed] 🎉
ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now