Part 41

4.3K 441 15
                                    

ဗညားသတိုးကား ဆင်တော်ဇမ္ဗုဦးကင်းထက်တွင် ထိုင်ကာရာဇမနုလေးတော်ကို စလွယ်သိုင်းလွယ်ထားသည်။ဇမ္ဗုကို ကျွမ်းကျင်စွာချွန်းအုပ်ရင်း အင်းဝစစ်သူကြီးဒီပါရဲ့မြင်းတပ်ကို ဖိတိုက်သည်။နန်းစောရှင်ရဲ့မျက်လုံးတွေက တလက်လက်တောက်ပလာသည်။

ဇမ္ဗုရဲ့တိုက်ပွဲဝင်အော်သံကအမြင့်ဆုံးကျယ်လောင်စွာ ထွက်ပေါ်လာပြီး နန်းစောရှင်ကိုနှာမောင်းဖြင့်‌ ရစ်ပတ်ပွေ့ယူကာ ဦးကင်းထက်တင်လိုက်သည်။

ဆင်တော်ဇမ္ဗုပေါ်တွင် ဗညားသတိုးနှင့်နန်းစောရှင် ရှိနေပြီး အခြေအနေက အင်းဝအတိတ်နေ့ရက်များကို သတိရစေသည်။

ဗညားသတိုး ပြုံးကာ နန်းစောရှင်ရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။‌နန်းစောရှင်ရဲ့လက်လေးက သွေးစက်တွေ စွန်းထင်းနေသည်။နန်းစောရှင် လက်မှသွေးတွေက ဗညားသတိုးလက်ကို ပေကျံသွားပြီး ရင်းနှီးသည့်ခံစားချက်က နှစ်ယောက်လုံးရဲ့နှလုံးသားတွေကို နွေးထွေးသွားစေသည်။

"အမောင့်အချစ်ကို လွမ်းနေခဲ့ရတာ"

ဓားသွားချင်းထိခတ်သံ၊တိုက်ပွဲသံတွေကြား ဗညားသတိုးရဲ့ညှို့ယူဖမ်းစားနိုင်သည့်အသံကိုသာ နန်းစောရှင်ကြားနေရလေသည်။

အင်းဝမြင်းတပ် ပျက်သည်။စစ်သူကြီးဒီပါ တိုက်ပွဲတွင်ကျသည်။နန်းစောရှင်နှင့်ဗညားသတိုးရဲ့ဟံသာဝတီစစ်တပ်သည် အင်းဝနန်းမြို့ရိုးအပြင်တွင် စခန်းချထားသည်။

နန်းစောရှင် ‌ဗညားသတိုးရဲ့အသွင်အပြင်ကို ကြည့်နေမိသည်။

ဗညားသတိုးက ယခု သုမသက္ကသတိုးမဏိရစ်ဘွဲ့ခံ ဟံသာဝတီပြည့်ရှင်မင်းတစ်ပါး ဖြစ်နေလေပြီ။ဗညားသတိုးရဲ့မျက်လုံးတွေက ယခင်အချိန်များလို ပေါ့ပါးမနေတော့ဘဲ ရာဇမာန်အပြည့်ဖြင့် လေးနက်တည်ကြည်နေသည်။ကွန့်ရောင်ဝါဓားကို ကိုင်ထားသည့်ဗညားသတိုးရဲ့လက်တွေက ခိုင်မြဲနေပြီး ဖိနှိပ်ချုပ်ကိုင်နိုင်သည့်အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေသည်။

"နက်ဖြန်ခါနံနက်မှာ မြို့ရိုးကိုထိုးဖောက်မယ်"

စိုင်းခွန်မြတ်ရဲ့အသံက နန်းစောရှင်ကို အသိဝင်စေသည်။နန်းစောရှင် အာရုံစိုက်ကာ စိုင်းခွန်မြတ်ညွှန်ပြသည့်မြေပုံကားချပ်ကို ကြည့်သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now