Lost Again 💔 ep31

690 35 3
                                    

Bright - သက်သာရဲ့လား

ကုတင်ပေါ် လှဲလျောင်းနေတဲ့ ဖြူဖျော့ဖျော့ကလေးမအားကြည့်ကာ စိတ်မကောင်းစွာမေးမိသည်

Grace - ဟုတ် သက်သာပါတယ် grace ကြောင့်အလုပ်ရှုပ်စေမိပီ

Bright - ကိစ္စမရှိပါဘူး ကူညီရမဲ့သူတွေပဲကို

ဘလိုပဲဖစ်ဖစ် ကိုယ့်ညီမအရွယ်လေးမို့ အလုပ်ရှုပ်စေတယ်လို့လဲမတွေးမိပါ
သူလဲမတတ်သာတဲ့အဆုံးမှ ကိုယ့်ဆီအကူညီတောင်းလာတာမဟုတ်လား

grace  မနေ့က p'bright နဲ့အတူ sharbu တွေအများကြီးစားမိတာရော အိမ်ရောက်တော့စိတ်အခြေအနေမမှန်မှုကြောင့် အိပ်ဆေးတွေအများကြီးသောက်လိုက်မိရာက အစာအဆိပ့်သင့်သလိုဖစ်ပီး မခံမရပ်နိုင်အောင်ဗိုက်အောင့်လာတာမို့ ဆေးရုံတင်ကားကိုဖုန်းဆက်ခေါ်ရခြင်းဖစ်သည်

မန်နေဂျာကလဲ သူမိသားစုပြသနာကြောင့်နယ်ပြန်သွားချိန်မှာ ခေါင်းထဲရောက်လာတဲ့တစ်ဦးထဲသောလူကို ဖုန်းဆက်ကာ အားကိုးတကြီးခေါ်မိတော့
လာခဲ့မယ်ဆိုတဲ့စကားကြောင့် နေမကောင်းတဲ့ကြားက ပျော်မိရသေးသည်

သို့သော် သူ့အပျော်တွေအားဖျက်ဆီးသွားတဲ့အရာက တံခါးမကြီးအားခပ်လျော့လျော့မှီကာ လက်ပိုက်ပီး ရပ်ကြည့်နေတဲ့ပုံရိပ်တခုကြောင့်! 

ယောကျ်ားလေးတန်မဲ့ အပစ်ပြောစရာမရှိအောင် ဖြူဝင်ပီးကြည်လင်တဲ့အသားအရည်ကိုပိုင်ဆိုင်ပီး ကြယ်ရောင်လိုတောက်ပနေတဲ့မျက်လုံးလှလှလေး နှာတံစင်းစင်းလေးရဲ့အောက်က ခပ်ရဲရဲနှုတ်ခမ်းဖူးလေးတို့ဟာ မိန်းကလေးတွေပင်မနာလိုချင်စရာ
ဓာတ်ပုံထဲကထက်အများကြီးကြည့်ကောင်းပီး သိပ်လှတဲ့ပုံရိပ်လေးဟာ ကုတင်ပေါ်ကဖြူဖျော့ဖျော့သူ့အား လှောင်ရီနေသလို....
မနာလိုလိုက်တာ မုန်းလိုက်တာ!

Bright - အော်...ကိုယ့်ချစ်သူလေ

win အားလှမ်းကြည့်နေတာကြောင့် bright မိတ်ဆက်ပေးလိုက်တော့ win မှာကုတင်းဘေးနားထိလျှောက်လာပီး

Win - လိုအပ်တာရှိရင်ပြောနော် အားမနာနဲ့

​ပြုံးလိုက်တဲ့ နှုတ်ခမ်းတို့ထံမှ ထွက်ကျလာတဲ့အသံချိုချိုလေးကအစ စွဲမက်စရာဆိုပေမဲ့ grace အတွက်တော့ မနှစ်မြို့ဖွယ် အရာတွေ

Lost Again💔(complete)Where stories live. Discover now