|125|

1.5K 263 10
                                    

[Unicode]

စန်းအာက WeChatတစ်ခုကလွဲပြီး၊ ကျန်တာဘာဆိုဘာမှမရှိတဲ့ဟယ်ရှင်းချွမ်ဖုန်းကို ငေးနေမိတယ်။
Weiboကို ကိုယ့်ဟာကိုယ်ပဲဒေါင်းလုတ်ဆွဲပေးလိုက်တယ်၊ ဖန်ကျင်းဇီပြန်မလာခင်လေးကို အမြန်အကောင့်ဖွင့်ပေးရတယ်။

"ထန်ကောရဲ့Weiboအကောင့်ကတော့ လုံးဝကိုဟော့နေပြီပဲ! ရှင်းချွမ် စိတ်မပူပါနဲ့၊ ငါစောင့်ကြည့်ပေးထားပါ့မယ်!"
အားတက်သရောတွေဖြစ်နေသူစန်းအာကို သူ့ရဲ့ရှေ့နေရုံးခန်းက လှမ်းအော်ခေါ်လာလေရဲ့။
စန်းအာက ဟယ်ရှင်းချွမ်လက်ထဲ ဖုန်းကိုအမြန်ထိုးပေးလိုက်ပြီး၊ ပါးစပ်ကလည်း ပြောနေသေးတယ်
"ငါတော့ ပြန်သွားလိုက်ဦးမယ်၊ ထန်ကောကို ငါ့ကိုပြန်Followလုပ်ခိုင်းဖို့ မမေ့နဲ့ဦးနော်!"

ရုံးခန်းတံခါးကိုဆွဲဖွင့်ကာ၊ လျင်မြန်စွာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဟယ်ရှင်းချွမ်ကတော့ ယန်ထန့်Weiboအကောင့်ကို သေချာကြည့်ရှုနေတယ်။ ယန်ထန်Followထားတာက အိုက်ထန်ဂိမ်းစတူဒီယိုတစ်ခုပဲရှိတယ်။
တင်ထားတာအများစုက ဂိမ်းနဲ့သက်ဆိုင်တဲ့ပို့စ်တွေ၊ နေ့စဉ်နေ့တိုင်းတင်လေ့လည်းမရှိဘူး။

ယန်ထန်ရဲ့အင်တာဗျူးက အတော်နာမည်ကြီးသွားခဲ့တယ်လေ၊ ကောမန့်တွေမှအများကြီးပဲ။

[ နိုင်လို နိုင်ရို: Repostတွေများလှချည်လား!? ဟားဟားဟား! ခွေးခေါင်း.jpg ]

[ မွန်းစတားလေး: ဟားဟားဟား!လို့ပြောနေတာတွေ ရပ်လိုက်စမ်း! ငါထီပေါက်ဖြစ်ခဲ့ရင်တောင်၊ သူ့အတွက်ပဲ အကုန်ဖြုန်းပစ်လိုက်တော့မယ်! ]

[ Tsundere ရှီရှဟွမ်မို: ထန်ကောရဲ့ဒီပုံက တကယ်ကြီးကိုချောတာ! ရုပ်ပုံ.jpg ]

[ ငါ့ခါးကို ငါပဲဖြတ်မိတော့မယ်: အပေါ်ထပ်က အစ်မကြီး၊ Originalပုံလေးရှိရင် မစပါဦး! ]

[ အချက်အလက်တွေ အမြန်အလိုရှိသည်၊ နာမည်အစလည်း အလိုရှိသည်: +1 အပေါ်ထပ် ]

သွက်လက်လျင်မြန်လှတဲ့အသုံးပြုသူတွေဟာ၊ ယန်ထန့်မျက်နှာပေးအမျိုးမျိုးကို Memesတွေအဖြစ်တောင် ထုတ်လုပ်ပြီးစီးနေပါပြီ။

ဟယ်ရှင်းချွမ်ဟာဖြင့် ရုံးခန်းကြီးထဲ ပုံတွေSaveရင်း ၊ ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now