🔒ငယ်ကျွန် - ၂၂🔒 ရက်ပေါင်း၃၀

1.3K 37 9
                                        

အဲ့ဒီနေ့က စပြီး ကျနော် မင်းကို မျက်နှာချင်း မဆိုင်ရဲတော့ပါ။ တစ်ခုကောင်းသည်က မင်းလဲ ကျနော့်ကို ဂရုမစိုက်တော့တာပဲ။

မနက်လဲ အစောကြီး ထွက်သွားတတ်ပြီး ညဆိုလဲ ၃နာရီလောက်မှ ပြန်လာတတ်တယ်။ ဧည့်ခန်းထဲမှာ ငုပ်တုတ်ကြီး ထိုင်နေတတ်ပြီး အရက်တွေလဲ ထိုင်သောက် နေတတ်တယ်။

မိုးလင်းမှ အိပ်ပျော်သွားတတ်လို့ ကျနော်က သူ့ကို စောင့်ပေးရင်း အိပ်ခန်းထဲ ပို့ပေးရတတ်သည်။ စောင့်ပေးတယ်ဆိုတာ သူ့အနားမှာ မဟုတ်ဘူး သူမသိအောင် မီးဖိုခန်းထဲ တိတ်တိတ်လေး ခြင်ကိုက်ခံပြီး နေနေရတာ။

သူ့ကို အခန်းထဲ ပို့ပေးတာလဲ သူမသိဘူး ဒါပေမယ့် မင်းက မေးလဲမမေးပါဘူး။ မနက်၉နာရီလောက်ဆို ရေမိုးချိုးပြီး စကားတစ်ခွန်းမှ မပြောပဲ ထွက်သွားတာပဲ။

ဒီနေ့လဲ ခါတိုင်းလို ညီဘုန်းထက် လာခေါ်တော့ မင်းထွက်သွားတယ်။ ခြေသံပင် မကြားလိုက်ရ။ မင်း အရိပ်ပင် မတွေ့လိုက်ရတာမို့ မျက်နှာချင်းဆိုင် ဆုံလာခဲ့တဲ့ နှင်းဆီကိုပဲ မေးရဦးမည်။

- နှင်းဆီ သခင်လေး မျက်နှာ အရိပ်ကဲဘယ်လိုလဲဟ?

- ကြောက်စရာကြီး အကိုလေး....
ဒေါသထွက်နေသလိုပဲ ကျောတောင်ချမ်းတယ်

- ဟုတ်လား အေး အေး...
ဟိုရက်က နောက်လ၂၅ ဆိုတော့ တစ်လလောက်ပဲ လိုတော့တယ်၊ နင် လိုအပ်တာ ပြင်ဆင်ထားဦး၊

- ဟုတ်... ဒါပေမယ့် အကိုလေး
ဟို....ဟို.....

- ဘာလဲ....?

- အကိုလေး သေချာရဲ့လား?
နှင်းဆီ အပြစ်ရှိသလို ခံစားနေရလို့၊ အိပ်တောင်မပျော်ဘူး၊

- လျှောက်တွေးမနေနဲ့၊ လုပ်စရာရှိတာ သွားလုပ်တော့

နှင်းဆီကို ဟောက်လိုက်ရတာက ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်သလိုပဲ၊ အခုတလော မင်းရဲ့ အရိပ်အခြေကို စောင့်ကြည့်နေရတာနဲ့ အဲ့ကိစ္စကို လုံးဝကို မတွေးဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြန်မြန်ပြီးတော့ မြန်မြန်အေးတာပဲလေ။ ဒါက ကြုံတွေ့ရမယ့် ကိစ္စပဲကို ပေါ့ပေါ့ပါးပါးပဲ တွေးကြတာပေါ့ ဆိုပြီး စိတ်တင်းထားရတယ်။

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Where stories live. Discover now