အပိုင်း ၁၄၀ (ဈေးဝယ်ထွက်ခြင်း)

3K 408 5
                                    

[Zawgyi]


ယွီရှောင်ချောင်းက မိန်းကလေးငယ်လေး အဝေးကိုရောက်သွားသည်အထိ စောင့်နေလိုက်တယ်။ ထို့နောက်မှသာ ရေအိတ်ထဲမှာ ကျန်နေတဲ့ ရေတွေကို မြည်းစာထဲကို ဖြန်းလိုက်လေတယ်။ မွမ်းမံထားတဲ့ မြည်းစာတွေကို မီးခိုးလေးရဲ့ ရှေ့က စားကျင်းခွက်ထဲသို့ ထည့်ပေးလိုက်တော့ မြည်းလေးက သူမရဲ့ လက်ကို လျှာနဲ့ရက်လိုက်ပြီး ပျော်ရွှင်စွာနဲ့ စတင်စားတော့တယ်။ အခြားမြင်းသုံးကောင်ကလည်း မီးခိုလေးရှေ့က မြည်းစာတွေက ထူးခြားတယ်ဆိုတာကို အသေအချာ ပြောနိုင်တာကြောင့် လည်တဆန့်ဆန့်ဖြစ်နေကြတော့တယ်။ သူတို့ကို ဆွဲထားတဲ့ သားရည်ကြိုးသာ မရှိဘူးဆိုရင် အစားအစာ အတွက် မီးခိုးလေးနဲ့ စတင် တိုက်ခိုက်ကြတော့မှာပင်။

ရှောင်ချောင်းက သူမရဲ့ ရေအိတ်လေးကို လှုပ်လိုက်ပြီး လုံးဝကုန်သွားပြီ ဖြစ်ကြောင်း ပြလိုက်တယ်။ သူက တတိယသခင်လေးကျိုးရဲ့ အနီရောင်မြင်းလေးကို ပွတ်သပ်လိုက်ရင်း ငြင်သာစွာပြောလိုက်တယ်

ဒီညတော့ ဒီအခြေအနေကို လက်ခံလိုက်တော့ ငါနောက်နေ့မှ မင်းတို့စားဖို့ ကောင်းတာလေး သေချာပေါက် ပေးမယ်နော်!

မီးခိုးလေးက သူ့ရဲ့ကိုယ်ပိုင်အစားအစာကို အခြားမြင်းသုံးကောင်က မနာလိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို သိလေတာကြောင့် သူက စားကျင်းခွက် လုံးဝပြောင်ရှင်းသွားသည်အထိ အစာအားလုံးကို အလျင်အမြန် စားသုံးပစ်လိုက်လေတယ်။ ကျေနပ်သွားတဲ့ အခါမှာတော့ သူ့ရဲ့ပါးစပ်ကို ဖွင့်ဟပြီး အကြိမ်အနည်းငယ်မြည်ဟီးလိုက်တယ်။ အခြားမြင်းသုံးကောင်ကလည်း တိုက်ခိုက်စရာ အကြောင်း မရှိတော့တာကြောင့် ရွေးချယ်စရာမရှိတော့ဘဲ သူတို့ရဲ့စားခွက်ထဲက ကျန်တာကိုသာ စားလိုက်ရတော့တယ်။

ကျောက်ဟန်က သူတို့ရဲ့ ပစ္စည်းတွေကို အခန်းထဲရွေ့လိုက်ပြီး ထွက်လာခဲ့တယ်။ သူက ခြံအနောက်ဘက်မှာ ရှိတဲ့ ရှောင်ချောင်းကို မြင်တော့ မေးလိုက်တယ်

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now