လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၃၄ )
ြပိုယွင်းပျက်ပြယ်သူ့အမေ ငိုရင်း ပြောနေသည့် အကြောင်းအရာများအား သော်တာနိုင် လုံးစေ့ပတ်စေ့ နားလည်အောင် မစဉ်းစားနိုင်တော့ပေ။ ကြားလိုက်ရသည်များအတွက် တစေ့တစောင်း သူ သဘောပေါက်ပေမဲ့ အဖြေသိချင်တဲ့စိတ်နဲ့ လှေကားပေါ် ပြေးတက်သွားလိုက်တော့တယ်။
အခန်းတံခါးကို ဆောင့်ဖွင့်လိုက်သည့်အခါ.. ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ရက် ငိုနေသည့် သူ့အမေနှင့် စိတ်ပျက်လက်ပျက် မျက်နှာနှင့် ခါးထောက်ကာ မတ်တပ်ရပ်နေသော သူ့အဖေတို့အား တွေ့တွေ့ချင်း..
“ အမေတို့ ဘာတွေပြောနေကြတာလဲ..”
သူ့အော်သံနဲ့အတူ သူ့ကိုမြင်လိုက်ရတော့ မိဘနှစ်ပါးလုံး ထိတ်လန့်တုန်လှုပ်သွားကြပုံတွေကြောင့် သူ့ရင်ထဲ အောင့်ခနဲ။
“ သော်တာ..”
ဒေါ်ခင်အေးရဲ့ တုန်တုန်ယင်ယင်ခေါ်သံဟာ သားအမိသားအဖသုံးယောက်ကြားထဲ တိုးဝင်ပျံ့နှံ့သွားပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
မဟုတ်ပါစေနဲ့၊ မဖြစ်ပါစေနဲ့ ဆိုတဲ့ မျှော်လင့်ချက်များစွာက သော်တာနိုင့်မျက်ဝန်းတွေထဲမှာ အလျှံတညီးညီး လောင်မြိုက်နေလေသည်။ ဦးထွန်းမြိုင်ဧ။် မလုံမလဲဖြစ်ဟန်၊ ဒေါ်ခင်အေးဧ။် အလန့်တကြားဖြစ်ဟန်တို့ကြောင့် ထိုလောင်မြိုက်မှုဟာ တရိပ်ရိပ်ဖြင့် အရှိန်အဟုန်ပြင်းလာဆဲ။ သိပ်မကြာခင်မှာပဲ.. သော်တာနိုင့်မျက်လုံးတို့ ပေါက်ကွဲထွက်တော့မည့်နှယ်။
“ အမေ.. ဘာတွေလဲဗျာ..”
သူ့အမေးကို အမေ ပြန်မဖြေ။ အဖေကလည်း အံကြိတ်ပြီး ခေါင်းခါယမ်းတယ်။ သူ ဆူပူအော်ဟစ်ပြီး အတင်းအကျပ် ဖိအားမပေးလို။ မိဘကို တခါမှ ပြသနာရှာ သောင်းကျန်းတတ်သူ မဟုတ်နေတာတောင်၊ သူ သောင်းကျန်းပစ်ချင်ရင်တောင်၊ သူ့မှာ သောင်းကျန်းဖို့ အားမရှိနေဘူး။
“ ခင်အေး.. နင့်သားက မေးနေပြီ..”
“ အမေ.. သားအတွက် လုပ်ခဲ့တာပါ.. သားကို အဆုံးရှုံးမခံနိုင်ဘူး.. အမေ့ကို ထားပြီး ထွက်သွားမှာကို မမြင်ချင်ဘူး..”